အိမ်မှာ ချဉ်ပေါင်ကြော်နဲ့ အသားဟင်း တမျိုးမျိုးများ အဆင်သင့် ရှိခဲ့ရင် ဒီထမင်းသုပ်ကို သုပ်စားကြည့်ပါ။ ငပိထောင်းမရှိရင်လဲ ငပိလေး နဲနဲ မီးကင်ပြီး ထည့်နိုင်ပါတယ်။ အသားဟင်းတွေနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် အီတဲ့ခံစားမှု ပျောက်ကင်းသွားမှာပါ။

ပါဝင်ပစ္စည်းများ (တပွဲစာ)

ထမင်း – ၁ ပွဲစာ
မျှစ်နဲ့ချဉ်ပေါင်ကြော် – ၂ ဇွန်း (စားပွဲတင်)၊ ငရုတ်သီးအကျက်မှုန့်
ကြက်သွန်ဖြူ၊ နီ ဆီချက် ၁ဇွန်းစီ (အချိုဇွန်း)
ကြက်သား ၊ ဝက်သား ၊ ပုဇွန် (ကြိုက်နှစ်သက်ရာသုံးနိုင်ပါတယ်)
သံပရာသီး – ၁ ခြမ်း၊ ငပိထောင်း – ၁ ဇွန်း (စားပွဲတင်)၊ ကြက်သွန်နီ ဆီချက်၊ ဆား၊ ငံပြာရည် ( နှစ်သက်သလို)

ပြုလုပ်နည်း

ထမင်း ၁ပွဲစာ၊ အိမ်ရှိအသားတမျိုးမျိုး၊ ချဉ်ပေါင်ကြော်၊ ဆီချက်၊ ငပိထောင်း ကော်ဖီဇွန်းတစ်ဇွန်းခွဲ၊ ငရုတ်သီးမှုန့် အနဲငယ်ထည့်ပါ။

သံပရာသီးလေး လိုသလောက်ညှစ်ထည့် (အချဉ်ကြိုက်လို့ တခြမ်းလုံးထဲ့နိုင်ပါတယ်)။ ပြီးရင် ဆား၊ ငံပြာရည်နဲနဲထည့်ပြီး သုတ်လိုက်ရင် ချဉ်ငံစပ်ချဉ်ပေါင်ထမင်းသုတ် ရပါပြီ။

သခွါးသီး၊ ကြက်သွန်ဖြူလေး များနဲ့တွဲစားရင်လဲ ကောင်းပါတယ်။

Credit: ဓနုဖြူဒေါ်စောရီ – အိသက်