ငပိ - Ngapi | အသီး - Fruits | အထောင်း - Pounded

ချဉ်ပေါင်ဖူးထောင်း

December 12, 2015

ချဉ်ပေါင်ဖူးထောင်း

Share this on:

ပါဝင်ပစ္စည်း

  • ချဉ်ပေါင်ဖူး လက်တစ်ဆုတ်စာ
  • ကြက်သွန်ဖြူ ၁မွှာ
  • ငရုတ်သီးစိမ်း ၅တောင့်
  • ငပိ အနည်းငယ်
  • ပုဇွန်ခြောက် အနည်းငယ်
  • မြေပဲလှော် အနည်းငယ်
  • ပဲဆီ

ပြုလုပ်နည်း

  1. ချဉ်ပေါင်ဖူး လက်တစ်ဆုက်ခန့်ကိုရေဆေးပြီး စစ်ထားပါ။
  2. ကြက်သွန်ဖြူ တမွှာခန့် ၊ ငရုတ်သီးစိမ်း ၅တောင့် လောက်ကို လှော်ရ်ျထားပါ။
  3. ငပိ အနည်းငယ်ကို ကင်ပါ။ (တချို့က ငပိထည့်ထောင်းထာကိုမကြိုက်လို့ ပုဇွန်ခြောက်နဲ့ထောင်းပါတယ်။)
  4. ငပိရော ပုဇွန်ခြောက်ရော နှစ်မျိုးလုံးကို အနည်းငယ်စီ ထည့်ရ်ျ ထောင်းနိုင်ပါတယ်။
  5. မြေပဲလှော်ကို မညက်တညက်ထောင်းထားပါ။
  6. ပြီးရင် အားလုံးကို ဆုံထဲမှာ အကုန်ရောထောင်းပြီး ပဲဆီမွှေးမွှေးလေး ဆမ်းစားလို့ရပါတယ်။
  7. အပေါ့အငံအစပ်ကို မိမိနှစ်သက်သလို ထည့်ပြီးစားနိုင်ပါသည်။
Credit: Myanmar Yummy Foods

Review

User Rating

5 (2 Votes)