ရခိုင် - Rakhine | ဟင်းရည် - Soups | အသီး - Fruits

ချဉ်ပေါင်သီး ဟင်းရည်

June 28, 2016

ချဉ်ပေါင်သီး ဟင်းရည်

Share this on:

ချဉ်ပေါင်သီး ဟင်းရည်ဟာ ပူအိုက်တဲ့ ရာသီဥတုတွေအတွက် အရမ်းကောင်းတဲ့ အစားအစာ တစ်မျိုးဖြစ်တဲ့ အတွက် ရိုစင်းပြိး ချက်ရ လွယ်တဲ့ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်သီး
  • ငပိ
  • ငရုတ်သီးစိမ်း ၁တောင့်
  • ဆား
  • အချိုမှုန့် (အရသာမှုန့်)

ပြင်ဆင်ပြုလုပ်နည်း

  1. ချဉ်ပေါင်သီးကို သေချာရေဆေး ၊ ချက်မယ့်အိုးထဲ ထည့်ပြီး ရေကို မိမိလိုသလောက် အချိုးအစားထည့်ပေးပါ ။
  2. ငပိနဲ့ ငရုတ်သီးစိမ်း ၁တောင့်ကို ညှပ်ထည့်ပေးပြီးရင် ဆား ၊ အချိုမှုန့် (အရသာမှုန့်) အနည်းငယ်ထည့်ပြီး အိုးဖုံးလေးဖုံး မီးဖိုပေါ်မှာ ဟင်းအိုးဆူပွက် အချဉ်အရသာထွက်တဲ့အထိ ချက်ပေးရုံပါပဲ ။ 
  3. ရခိုင်တွေရဲ့  ချဉ်ဟင်းတွေဟာ အရမ်းရိုးစင်းပြီး ကျန်းမာရေးအတွက်လည်း ကောင်းပါတယ် ။
Credit: အစားအစာကမ္ဘာ
(Photo Credit : Yadana Moe)

Review

User Rating

5 (2 Votes)