ချဉ်ပေါင်ဟင်းရည်

Share this on:

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်ရွက် - အနည်းငယ်
  • ပလာတူးငါးခေါင်း - ၃ ခေါင်း (ကြော်ပြီးသား)
  • ကြက်သွန်နီ  - တခြမ်း (၄စိတ် စိပ်ပါ)
  • ခရမ်းချဉ်သီး - ၁ လုံး  (၈စိတ် စိပ်ပါ)
  • ငရုတ်သီးစိမ်း - ၂ တောင့်
  • ဆား - အနည်းငယ်

ပြုလုပ်နည်း

  1. ငါးထောင်းမှ ဖယ်တားသော ကြော်ထားသည့် ငါးခေါင်းများကို အိုးထဲတွင် ထည့်၍ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး နှင့် ရေကို ငါးခေါင်းမြုပ်ရုံ ထည့်၍ လုံးတည်ပါ ။
  2. ပြီးမှ ရေထပ်ထည့်၍ ဟင်းရည်ကျသည်အထိ တည်ပါ ။
  3. အရည်ကျသွားလျင် ချဉ်ပေါင်ရွက်ကို ခပ်၍ ဆား အနည်းငယ် နှင့် ငရုတ်သီးစိမ်း ၂ တောင့် ခန့်ကို မွှေးအောင် ထည့်ပါ ။
  4. အရသာ အပေါ့အငံ မြည်း၍ သုံးဆောင်နိုင်ပါပြီ ။
***ပလာတူးငါးသည် လေးသည့် အရသာ ရှိ၍ ငံပြာရည် သုံးရန် မလိုပါ ။ ငါးထောင်းမှ ဖယ်တားသော ကြော်ထားသည့် ငါးခေါင်းများ ဖြစ်သောကြောင့် ဟင်းရည်ထဲတွင် ဆီသုံးရန် မလိုပါ ။

My Food Myanmar

Review

User Rating

5 (1 Votes)