ငပိ - Ngapi | ဝက်သား - Pork | ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

ချဉ်ပေါင်နှင့် ဝက်ဆီဖတ်ကြော်

July 27, 2016

ချဉ်ပေါင်နှင့် ဝက်ဆီဖတ်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ချဉ်ပေါင်
  • ဝက်သား - အခေါက်နှင့် အဆီ
  • မျှစ်
  • စိမ်းစားငါးပိ
  • ငရုတ်သီး
  • ဆား
  • ဆီ

ပြုလုပ်နည်း

  1. အရင်ဆုံး ချဉ်ပေါင် နှင့် ဆားနယ်ကာ အရည်ထွက်အောင် ညှစ်ထားပါ ။
  2. ဒယ်အိုးထဲ ဆီထည့်ကာ ငရုတ်သီးကို ဆီသတ်ပါ ။ ပြီးလျှင် ချဉ်ပေါင် ၊ မျှစ် ၊ ဝက်သား ပါးပါးလှီး ၊ စိမ်းစားငါးပိ ရေဖျော် ထည့်ပါ ။
  3. ချဉ်ပေါင် အစိမ်းနံ့ ပျောက်အောင် ရေထည့်မွှေပါ ။ ဆီပြန်လာရင် ငရုတ်သီးစိမ်းလေး အုပ်ပါ ။
  4. အပေါ့ အငံ လိုအပ်သလို စိတ်ကြိုက်ထည့်ကာ သုံးဆောင်လို့ ရပါပြီ ။
Credit: Aye Thazin

Review

User Rating

4 (1 Votes)