Recipes | ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

ချဉ်ပေါင် စပ်ချဉ်ချက်

March 28, 2016

ချဉ်ပေါင် စပ်ချဉ်ချက်

Share this on:

ချဉ်ပေါင် စပ်ချဉ်ချက်II 2016-03-28 at 9.59.36 pm

ပါဝင်ပစ္စည်း

  • ချဉ်ပေါင်ရွက်
  • မျှစ်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုပ်သီးစိမ်း
  • ပုဇွန်ခြောက်
  • ပုဇွန်ငါးပိ အနည်းငယ်
  • နနွင်းမှုန့် အနည်းငယ်
  • ငရုပ်သီး အကြမ်းဖတ် ကျပ် ၁၀၀/- တန်တစ်ထုပ်ထည့်
  • ငံပြာရည်
  • ဟင်းချိုမှုန့်
  • ဆီ

ပြုလုပ်နည်း

  1. မျှစ်ပြုတ်ပြီး ပြုတ်ရည် သွန်ပစ်လိုက်ပါမယ် ။
  2. ချဉ်ပေါင်ရွက်ရေဆေး ၊ ရေစိမ်ဆေးပြီး ဇကာတစ်ခုဖြင့် စစ်ထားပါမယ် ။
  3. ကြက်သွန်နီလှီး ၊ ငရုပ်သီးစိမ်းညှပ် ၊  ကြက်သွန်ဖြူ ဒါးပြားရိုက် ထားပါမယ် ။
  4. ပုဇွန်ခြောက် ထောင်းထားပါမယ် ။
  5. ပုဇွန် ငါးပိ အနည်းငယ် ရေဖျော်ထားပါမယ် ။
  6. အားလုံး ချက်ရန် အဆင်သင့်ဖြစ်လျှင် ဒယ်အိုးထဲဆီ သင့်တင့် သလိုထည့်ပြီး နနွင်းမှုန့် အနည်းငယ်ထည့်ရ်ျ  ကြက်သွန်နီ ဆီသပ်ပါ ။
  7. ကြက်သွန်နီ ရခါနီးမှာ အရောင်တင်မှုန့် အနည်းငယ်ထည့် ၊ ငရုပ်သီး အကြမ်းဖတ် ကျပ် ၁၀၀/- တန်တစ်ထုပ်ထည့်ပြီး မွှေပါ ။ 8. ေ
  8. မွှေပြီးတာနဲ့ ပုဇွန်ခြောက် ထောင်းထားတာ ထည့်ပြီး မွှေပါ ။
  9. မွှေပြီးတာနဲ့ ငါးပိရေဖျော်ထားတာထည့်ပြီး မွှေပေးပါ ။
  10. ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်ပါ ။
  11. ငရုပ်သီး အစိမ်းတောင့် ညှပ်ထားတာ ထည့်ပြီး မွှေပေးပါ ။
  12. မွှေပြီးတာနဲ့ ချဉ်ပေါင်ရွက်များ ထည့်ပါ ။   ချဉ်ပေါင်ရွက် အနည်းငယ်ညှိုးသွားလျှင် မျှစ်ပြုတ်ထားတာ ထည့်ပါ ။
  13. မျှစ်ထည့်ပြီး ငံပြာရည် ၊  ဟင်းချိုမှုန့်ထည့်ပြီး မွှေပေးပါ သမသွားလျှင် ရေအနည်းငယ် ထည့်ပါ ။
  14. ပွက်ပွက်ဆူပြီး အောင် ငါးမိနစ်လောက် အဖုံးအုပ် တယ်ထားလိုက်ပြီးလျှင် ရေစပ်စပ်လေး ကျန်လျှင် မီးပိတ်ပါ ။
  15. မီးအပူရှိန်လေးနဲ့ တင်ထားလိုက်လျှင်တော့ဖြင့် ချဉ်ပေါင် စပ်ချဉ်တစ်အိုး ကျက်ပါပြီ ။
Credit: LayZaw ( ဥဿာသား )

Review

User Rating

2.8 (4 Votes)