ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

ချိစ်ပြောင်းဖူးကြော်

July 24, 2016

ချိစ်ပြောင်းဖူးကြော်

Share this on:

ထမင်းမစားတဲ့ ဘေဘီလေးတွေအတွက် ရည်ရွယ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး ၁ဖူး
  • ချိစ် ၁ပြား (ရေနွေးထည့်ကာ အရည်ဖျော်ထားပါ။)
  • တန်ပူရာမှုန့် ၃ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆီ ၂ ဇွန်း (စားပွဲဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ပြောင်းဖူးကို ရေဆေးကာ ခြစ်နဲ့ခြစ်ထားပါ ။
  2. ပြီးလျှင် ပြောင်းဖူး ၊ ချိစ် ၊ တန်ပူရာမှုန့်တွေကို သမအောင်နယ်ပါ ။
  3. ဆီကို မကပ်တဲ့ဒယ်မှာ မီးအရှိန် အနေတော်ဖြင့် အပူပေးပါ ။
  4. ဆီပူလာလျှင် ပြောင်းဖူးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမောက်မောက်ကို ဒယ်ထဲမှာထည့်ကာ ဇွန်နဲ့ဖိကာ အပြားလေးလုပ်ပြီးကြော်ပါ ။
  5. မီးအေးအေးနဲ့ကြော်ပါ ။ ပြောင်းဖူး တစ်ဖူးကို ၁၀ခုလောက်ရပါတယ် ။
  6. တစ်ဖက်က ကျက်လာပြီဆိုမှ နောက်တစ်ဖက်လှန်ပါ ။ နှစ်ဖက်လုံးကျက်မှ ဆယ်ကာ ဆီခြောက်အောင် တစ်ရှုးလေးနဲ့သုတ်ပါ ။
ပျော့ပျော့အိအိ ချိုစိမ့်လေးမို့ ဘေဘီလေးတွေကြိုက်မှာပါနော် ။

Credit: KitKit's Mom Yummy House

Review

User Rating

0 (0 Votes)