အကြော် - Fried

ချိစ်ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော်

June 6, 2016

ချိစ်ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော်

Share this on:

မုန့်လုပ်နည်းတွေ မတင်ဖြစ်လို့လေ ဒီနေ့တော့ (ချိစ်ကြက်ဥချောင်း ပေါင်မုန့်လိပ်ကြော်) လုပ်နည်းလေး ရှယ်ပေးချင်ပါတယ် ။

ingredient for egg cheese sticks and bread

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် - ၁ထုပ်
  • ကြက်ဥချောင်း
  • ချိစ်ပြား
  • ကြက်ဥ - ၁လုံး (ဆားအနည်းငယ်ထည့်ပြီးခလာက်ထားပါ)
  • မုန့်ကြွပ်ကြော် - အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပေါင်မုန့်ကို ဘေးသားတွေဖယ်ပြစ်ပြီး ဒလိမ့်တုံး (သို့) ပုလင်းဖြင့်  ပြားပြီးညှက်နေအောင် လှိမ့်ပေးပါ ။
  2. ကြက်ဥကို ခလောက်ထားပါ ။ မုန့်ကြွပ်ကြော်ကို အသင့်ထည့်ထားပါ ။ ပေါင်မုန့်ထဲသို့ ချိစ်ပြားနဲ့ကြက်ဥချောင်းကို ထည့်ပြီးလိပ်ပါ။
  3. အလိပ်မပြေအောင် သွားကြားထိုးတံဖြင့် ထိုးပြီး ထိန်းထားပေးပါ ။ ပြီးနောက် ကြက်ဥ ခလောက်ထားသည့်ထဲသို့ အရင်နှစ်လိုက်ပါ။   ပြီးလျှင် မုန့်ကြွပ်ကြော်ကပ်ပါ ။ ဆီပူပူထဲမှာ မီးအရှိန်လျော့ပြီး ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပေးပါ ။ နောက်ဆုံးတော့ ချိစ်ကြက်ဥချောင်းပေါင်မုန့်လိပ်ကြော်ကို သုံးဆောင်လို့ရပါပြီး ။
Credit: Zun Pwint Htin

Review

User Rating

3.7 (3 Votes)