Recipes | ထမင်း - Rice Dishes | အသုပ် - Salad

ချိတ်ဆိုးထမင်း နှင့် တို့ဟူးသုတ် 

December 15, 2015

ချိတ်ဆိုးထမင်း နှင့် တို့ဟူးသုတ် 

Share this on:

ချိတ်ဆိုးထမင်းဟာ တောင်ငူမြို့ ၏ နာမည်ကျော် ဒေသ အစားအစာတမျိုး ဖြစ်ပါသည်။ ချိတ်က ဇီးပင်ရဲ့
အစေးပါ။ သစ်ခေါက်ရဲ့ အစေးတမျိုး အရောင်ပါ  ။ အနည်းငယ်ချဉ်တဲ့ အရသာရှိပါတယ်။

I. ချိတ်ဆိုးထမင်း

ပါဝင်ပစ္စည်း

  1. ချိတ်
  2. ဆန်

ပြုလုပ်နည်း

  1. ချိတ်ကို ထမင်းချက်ရင် ထဲ့ချက်ရပါတယ်
  2. ချိတ်အရသာက အနဲငယ်ချဉ်တဲ့ အရသာပါ။ ဆိမ့်ချင်ရင် လျှော့ထဲ့ရပါတယ်

II. ချိတ်ဆိုးထမင်း နှင့် တို့ဟူးသုတ်

ပါဝင်ပစ္စည်း

  1. ချိတ်ဆိုးထမင်း
  2. တို့ဟူး
  3. ငံပြာရည်
  4. ဆား
  5. ကြက်သွန်ဖြူဆီချက်
  6. ငရုတ်ခြောက်ကြော်

ပြုလုပ်နည်း

  1. ချိတ်ထမင်းကို တို့ဟူး အနည်းငယ်၊ ငံပြာရည်၊ ဆား၊ ကြက်သွန်ဖြူဆီချက် တို့ဖြင့် သုတ်စားပါတယ်။
  2. ငရုတ်ခြောက်ကြော် နှင့်တွဲစားနိုင်ပါသည်။

Credit: Eric Moon