အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို တချို့ အသီးအနှံနဲ့ အစားအစာတွေဟာ ကိုယ်ခနာအတွက် ဆေးဖြစ်အောင် စားသောက်လို့ ရပါတယ်။ တချို့ အစားအစာတွေဟာ ကိုယ်ခန္ဓ္ဓ္ဓာ အတွက် ဘယ်လို အကျိုးပြုပြီး ဘယ်အစိတ်အပိုင်းတွေအတွက် ကောင်းမွန်စေတယ်ဆိုတာ သိထားရင် ကျန်းမာရေးနဲ့ မျှတမယ့် အရာတွေကို ရွေးချယ်စားသုံးမိမှာပါ။

၁။ မျက်လုံးတွေအတွက် မုန်လာဥနီ

မုန်လာဥနီဟာ မျက်လုံး အားကောင်းစေမယ့် အစားအစာဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဥနီမှာ Beta-Carotene မြင့်မားပြီး သင်ရဲ့ ကိုယ်ခနာအတွက် ဗီတာမင် အေကို ပြောင်းလဲပေးပါတယ်။ အာဟာရ ပညာရှင်တွေကတော့ အမြင်အာရုံ အတွက် မရှိမဖြစ် အသီးနှံ တစ်မျိုးလို့ ပြောကြတယ်။ မျက်စိအတွင်းတိမ်အတွက် ထိရောက်စွာ ကာကွယ်ပေးပါတယ်။

၂။ ဦးနှောက်အတွက် သစ်ကြားသီး

Cambridge တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ သစ်ကြားသီးမှာ ဗီတာမင်အီ၊ အိုမီဂါ 3၊ အမ်တီအောင့်စီဒန့် တွေ ပါဝင်တဲ့ Neuroprotective ဓာတ်ပေါင်းစု ပါဝင်ပါတယ်။ သုတေသနာဟာ သစ်ကြားသီးကို နေ့တိုင်းစားသုံးပေးရင် ဦးနှောက်ရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပြီး အရွယ်မတိုင်ခင် အယ်ဇိုင်းမား ဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ သတိမေ့လျော့မှုတွေကို လျော့ပါးစေပြီး မှတ်ဉာဏ်စွမ်းအားကို တိုးစေပါတယ်။

၃။ အရိုးတွေအတွက် တရုတ်နံနံပင်

တရုတ်နံနံပင်ဟာ မြန်မာတွေ အတွက်တော့ ခေါက်ဆွဲကြော် ကြာဇံကြော်နဲ့ တချို့ဟင်းချိုတွေမှာ ထည့်စားကြပါတယ်။ တရုတ်ဟင်းလျာတွေမှာတော့ အတော်များများ ပါဝင်ပါတယ်။ ဒီတရုတ်နံနံပင်ဟာ အိမ်တွေမှာ ပန်းအိုးနဲ့ပဲ အလွယ်တကူ စိုက်လို့ရပြီး တချို့သွေးတိုးသမားတွေဟာ သွေးတက်စာ စားပြီးရင် သွေးပုံမှန် ဖြစ်စေဖို့ နံနံရွက်ကို စားပေးကြပါတယ်။

နံနံရွက်မှာ ဗီမာမင် ကေ ပါဝင်ပြီး ဗီတာမင် စီနဲ့ မက်ကနီဆီယမ်တို့လည်း ပါဝင်ပါသေးတယ်။ အရိုးကျန်မာရေးအတွက် အထောက်အကူ အပြုဆုံး အရွက်ဆိုရင် မမှားပါဘူး။

၄။ သားအိမ်အတွက် ကောင်းမွန်စေတဲ့ ထောပတ်သီး

ထာပတ်သီးမှာ ဖောလစ်အက်ဆစ် ၆မျိုး ပါဝင်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ်ဝန်ဆောင်တွေပါ။ ဖောလစ်အက်ဆစ်ဟာ မွေးလမ်းကြောင်းနဲ့ မွေးဖွားတဲ့ အခါ ပြဿနာ မဖြစ်စေဖို့ ထောက်ပံ့ပါတယ်။ သားအိမ်အတွက် အားဖြည့်စေတဲ့ အသီးတစ်မျိုးပါ။

၅။ ရင်သားများ အတွက် ဂရိတ်ဖရု (Grapefruit)

ဂရိတ်ဖရုသီးဟာ ရှောက်သီးနွယ်ဝင် အသီးတစ်မျိုးပါ။ သူက ကင်ဆာဆဲလ်တွေ မကြီးထွားအောင် ကူညီပေးပြီး အဆုတ်၊ ပါးစပ်၊ အစာအိမ်နဲ့ ရင်သားတွေထဲက မကောင်းတဲ့ပိုးတွေကို တားဆီးပးပါတယ်။

၆။ နှလုံးအတွက် ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ Antioxidant တွေကို တွေ့ရပြီး နှလုံးရောဂါနဲ့ ကင်ဆာကို ကာကွယ်ပေးတဲ့ ဓာတ်ပေါင်းစုကို တွေ့ရပါတယ်။

၇။ ပန်ကရိယအတွက် ကန်စွန်းဥ

ကန်စွန်းဥမှာ Beta-Carotene လို့ခေါ်တဲ့ Antioxidant တစ်မျိုးဟာ ခနာကိုယ်အတွက် ကာကွယ်ပေးပြီး ပန်ကရိယအတွက်လည်း ကောင်းမွန်စေပါတယ်။ ပျက်ဆီးနေတဲ့ ဆဲလ်တွေဟာ စိတ်ဖိစီးမှုနဲ့ ရင့်ထော်ခြင်းကို ဖြစ်စေပြီး ကန်စွန်းဥဟာ ဒါကို တားဆီးပေးပါတယ်။ တချို့ စိတ်ဖိစီးမှု များတဲ့ လူတွေဟာ ပန်ကရိယကို ထိခိုက်စေပါတယ်။

၈။ အစာအိမ်အတွက် ဂျင်း

ဂျင်းဟာ အစာကြေဖို့ အတွက် အကောင်းဆုံး တစ်ခုပါပဲ။ ကိုယ်ဝန်ဆောင်တွေ ဖြစ်တတ်တဲ့ မနက်ပိုင်ပျို့အန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဂျင်းပါတဲ့ လက်ဖက်ရည်ကို ပုံမှန်သောက်သုံးပေးရင် အစာချေဖျက်မှု စနစ်ကောင်းမွန်စေပြီး အဆီပါ ကျစေပါတယ်။

Credit: Dailyhealth