ဂဏန်းချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ပန်းဂဏန်း - ၂ ကောင်
  • နို့စိမ်း - ၂၀၀ ဂရမ်
  • ကြက်ဥ - ၄ လုံး
  • သကြား - ၆ ဇွန်း (စားပွဲတင်ဇွန်း)
  • ငံပြာရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သားမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီနီ (အရောင်) - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်နီ - ၂ လုံး
  • ငရုတ်ပွ - ၁ လုံး
  • ကြက်သွန်မြိတ်
  • ရှမ်းနံနံ
  • တရုတ်နံနံ
  • Curry Powder - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီ - ၂၀၀ ဂရမ်

ပြင်ဆင်ချက်ပြုတ်နည်း

  1. ဂဏန်းကို အပေါ်ကအခွံခွာပြီး ရေဆေးပြီး ငံပြာရည်၊ ကြက်သားမှုန့် နဲ့နယ်ပြီး မီးမများပဲ ကြော်ပေးပါ ။
  2. အရောင် ရလာပြီး ကျက်ပြီဆိုရင် ဆီစစ်ထားပါ ။
  3. ခွက်တလုံးထဲကို နို့စိမ်း ၊ ကြက်ဥ ၊ သကြား ၊ Curry Powder ၊ ဆီနီ(အရောင်ထည့်ပြီး) မွှေထားပါ ။
  4. ကြက်သွန်နီကို ၈ စိပ်လှီးပါ ။ ငရုတ်ပွကို စောင်းစောင်းရှည်ရှည်လှီးပါ ။ ကြက်သွန်မြိတ် ၊ ရှမ်းနံနံ ၊ တရုတ်နံနံလက် တဆစ်လောက် လှီးဖြတ်ထားပါ။
  5. ဆီကို အိုးမကပ်ယုံထည့်ပါ ။ ကြက်သွန်နီ ၊ ငရုတ်ပွထည့်ကြော်ပါ ။ နည်းနည်းမွှေးလာရင် ဂဏန်းထည့်ပါ ။
  6. ပြီးရင် ဖျော်ထားတဲ့ နို့စိမ်းအရည်ကို ထည့်လိုက်ပါ ။ မီးအေးအေးနဲ့ ခဏပဲ ချက်လိုက်ပါ ။
  7. ဆီနည်းငယ် ပြန်လာရင် ငံပြာရည်ထည့်ပြီး တရုတ်နံနံ ၊ ရှမ်းနံနံ ၊ ကြက်သွန်မြိတ် တွေထည့်ပြီး အရသားစမ်းကြည့်ပြီး စားသုံးလို့ရပါပြီ ။
Credit: Lashio Chef

Review

User Rating

2.6 (15 Votes)