Recipes | အကြော် - Fried

ဂဏန်းငရုပ်ကောင်း (Black Pepper Crab)

January 1, 2016

ဂဏန်းငရုပ်ကောင်း (Black Pepper Crab)

Share this on:

ပါဝင်ပစ္စည်းများ

  • ဂဏန်းအကြီး - ၂ ကောင်
  • ငရုပ်ကောင်းအနက်စေ့ - ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • ငရုပ်ကောင်းအဖြူ စေ့ - ၁ ဇွန်း(စားပွဲတင်ဇွန်း)
  • ထောပတ် - ၆၀ ဂရမ်
  • ကြက်သွန်ဖြူ - ၈ မွှာ
  • ကြက်သွန်နီ - ၅ လုံး
  • ပျင်းတော်သိမ့်အရွက် - ၁၂ ရွက်
  • ငရုပ်သီးစိမ်း - ၅ တောင့်
  • ခရုဆီ - ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • ပဲငံပြာရည်အကြည် - ၃ ဇွန်း(စားပွဲတင်ဇွန်း)
  • သကြား - ၃ ဇွန်း(စားပွဲတင်ဇွန်း)

ပြု လုပ်နည်း

  1. ပထမဆုံး ဂဏန်းတွေကို ချက်ဖြုတ်၊ ကျောအခွံခွာပြီး ဝမ်းဗိုက်မှ ပါးဟပ်များကို ဖယ်ထုတ်ပြစ်ကာ အဆင်ပြေသလို အတုံးတုံးပြီး ကျောအခွံကို ပြန်အုပ်ထားပါ။
  2. ငရုပ်ကောင်း အစေ့အမဲ နှင့် အဖြူ တို့ကို ဆုံထဲထည့် အနည်းငယ်ထောင်းပြီး ဒယ်ပြားထဲ ထည့်၍ မွှေးလာသည် အထိ လှော်ပေးပါ။ ထို့နောက် ပန်းကန်ပြား တစ်ခုထဲသို့ ထည့်ပြီး အအေးခံထားပါ။
  3. ဒယ်အိုး တစ်ခုထဲသို့ ဆီများများ ထည့်ပြီး ဆီပူလာပါက ဂဏန်းများကိုထည့်၍ ၃ မိနစ်ခန့် အနီရောင် သန်းအောင် ကြော်ပြီး ဆီစစ်ထားပါ။(အချို့က ပန်းကန်ပြားခံပြီး ရေနွေးဖြင့် ပေါင်းပါသည်။) ကြော်တာ အနံ့ပိုမွှေးသည်။ ဆီအသုံးမပြု ချင်ပါက ပန်းကန်ပြားခံပြီး ရေနွေးဖြင့် ၃ မိနစ်ခန့် ပေါင်းလို့ ရပါသည်။
  4. ဒယ်အိုး တစ်ခုထဲသို့ ထောပတ် ၆၀ ဂရမ် ထည့်ပြီး အရည်ပျော် သွားသည် အထိ မွှေပေးပါ။ ကြက်သွန်အနီ နှင့် အဖြူ တို့ကို ဓားဖြင့် နုပ်နုပ်စဉ်းပြီး ထောပတ်ဆီထဲ ထည့်၍ ဆီသတ်ပါ။ ထောင်းပြီး အအေးခံထားသည့် ငရုပ်ကောင်း ခွဲခြမ်းမှုန့်များ ထည့်ပါ။ပျဉ်းတော်သိမ် အရွက်များကို ရေဆေးပြီး ခြွေထည့်ပါ။ ခရုဆီ နှင့် ပဲငံပြာရည် အကြည်ကို အချိုးအစား အတိုင်းထည့်ပါ။ သကြား ထည့်ပါ။ အနံ့မွှေး လာပါက ကြော်ပြီး ဆီစစ် ထားသည့် ဂဏန်းများ ထည့်ကာ ၅-မိနစ်ခန့် တည်ထားပြီး မီးပိတ်၍ ချပါ။ ထို့နောက် အရသာရှိ၍ အလွန် အနံ့မွှေးသော Black Pepper Crab ကို အသင့် စားသုံးနိုင် ပါပြီ။
Credit: ဇွဲသုသု

Review

User Rating

0 (0 Votes)