ဂဏန်း - Crab | ဟင်း - Curry

ဂဏန်း အုန်းနို့ မာဆလာ

April 25, 2016

ဂဏန်း အုန်းနို့ မာဆလာ

Share this on:

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သောဂဏန်းကြီးကြီး - (၃) ကောင်
  • ကြက်သွန်မြိတ် - (၁) (လက်ဖက်ရည် ပန်းကန်လုံး၁လက်မအရွယ် လှီးထားရန်)
  • ငရုတ်တောင့်နီ - ၂ တောင့် ( အလှဆင်ရန်)
  • ငါးငံပြာရည် - (၂) ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ပာင်းခတ်မှုန့် - အနည်းငယ်
  • သကြား - အနည်းငယ်
  • မန်ကျည်းသီးမှည့်အနှစ် - ၁ဇွန်း(ထမင်းစားဇွန်း)
အရော(၁)

  • အ၀ါရောင်ပာင်းချက်မဆလာ(ထိုင်း) - (၁) ဇွန်း
  • ကြက်သွန်ဖြူ - (၁) ဇွန်း
  • ကြက်သွန်နီ - (၂) လုံး
  • ပဒဲကော -  သေးသေးတစ်ခု
  • စပါးလင် - ( ၂) ခု ( အဖြူရောင်အပိုင်းသာ)
  • နနွင်းမှုန့် - (၁) ဇွန်း
  • ငရုတ်သီးပွခြောက်တောင့် - (၅) တောင့်
  • အုန်းနို့  - (၁) လက်ဖက်ရည်ပန်းကန်လုံး

    ပြင်ဆင်ပြုလုပ်နည်း

    1. ဒီနည်းကတော့ ပထမဆုံးပုံစံမှာ ပြထားတဲ့အရော(၁) ကို ညှက်နေအောင် ထောင်းပါ ။
    2. ဂဏန်းတွေကို  သန့်စင်ပြီး (၄) စိတ် ၊ (သို့) (၂) စိတ် ခြမ်းပါ ။  လက်မတွေကိုလည်း ဓါးပြားဖြင့် ခပ်ဖွဖွရိုက်ပါ ။
    3. ပူနေတဲ့ ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်နှင့် အုန်းနို့ကို ရေခမ်းပြီး အုန်းဆီနံ့ မွှေးသည်ထိ ဆီသတ်ပါ ။
    4. ညှက်နေအောင် ထောင်းထားသော အရော(၁)ကို ထပ်ပေါင်းဆီသတ်ပါ ။ ပြီးတော့မှ ဂဏန်းများထည့်ပေါင်းပြီး အဆက်မပြတ် မွှေချက်ပေးပါ ။
    5. ငါးငံပြာရည် ၊ သကြား ၊ ပာင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ ။ ရေအနည်းငယ် ဖြည့်ပြီး အဖုံးအုပ်ချက်ပေးပါ ။ ကြက်သွန်မြိတ် ၊ ငရုတ်စိမ်းတောင့်နီတို့ ရောထည့်ပြီးလျှင် စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ ။

    Credit: ဟင်းချက်နည်းများ
  • Review

    User Rating

    5 (1 Votes)