ဂဏာန်းမဆလာ

Share this on:

ပါဝင်ပစ္စည်းများ

  • ဂဏာန်း ၂ကောင်
  • ကြက်သွန်နီ၈စိတ်ခွဲ ၁လုံး
  • တရုပ်နံနံ ၂ပင်    (လက်၂စစ်စာဖြတ်ထားပါ)
  • ကြက်သွန်မြိတ် ၃ပင်   (လက်၂စစ်စာဖြတ်ထားပါ)
  • ငရုပ်ပွစိမ်း ၁လုံး    (လေးထောင့်လေးများ လှီးထားပါ)
  • ငရုပ်သီးစိမ်း အနီတောင့်   ၂တောင့် (စောင်းစောင်းလေးများ လှီးပါ)
  • ဆီနီ ၃ Tablespoon
  • ကြက်သွန်ဖြူ နုတ်နုတ် ၁ Tablespoon
  • သကြား ၁ Teaspoon
  • အချို မှုန့် ၂ Teaspoon
  • ကြက်သားမှုန့် ၃ Teaspoon
  • မဆလာ ၂ Teaspoon
  • ကြက်ဥ ၁ လုံး
  • နို့  အနည်းငယ်
  • ကော်မှုန့်  အနည်းငယ်

ပြုလုပ်နည်း

  1. ဂဏာန်းကို ရေဆေး သန့်စင်ပြီး ခုတ်ထစ်ထားပေးပါ ။
  2. ကြက်သွန်ဖြူ နှင့် ဆီကို ဆီသတ်ပါ ။
  3. ဂဏာန်းများ ထည့်လုံး ပေးပါ။ အရသာများ ထည့်ပါ ။  ကျက်အောင် ချက်ပါ ။
  4. ပီးလျှင် ရေလိုပါက ရေအနည်းငယ် ထည့်ပေးပါ။  ကြက်ဥ ( ကြက်ဥ ၁လုံး ၊ နို့ အနည်းငယ် ၊ ကော်မှုန့် အနည်းငယ် ၃ခုစလုံးကို ရောပြီးမွှေထားပါ ) မွှေထားတာများကို ထည့်ပေးပါ။
  5. မီးကို လျှော့ပြစ်လိုက်ပါ ။ မဆလာ ထည့်ပါ ။
  6. အသီးအရွက်များ ထည့်ပြီးမွှေပေးပါ ။  ဒါဆိုရင်တော့ ရပါပြီ ။
  7. အရောင်လေး တောက်နေချင်ရင်တော့ ဆီနီလေး အနည်းငယ် ထည့်ကာ ခဏတာလုံးပြီးမှ ချပါ ။  ဒါဆိုရင်တော့ အရောင်တောက်ပနေတယ့် ဂဏာန်း မဆလာဟင်းကို ရရှိမှာ ဖြစ်ပါတယ်။
Credit: ဇွဲသုသု

Review

User Rating

3 (2 Votes)