ပါဝင်ပစ္စည်းများ

  • ဂျပန်တိုဟူး – ၂ တောင့်
  • ခရမ်းချဉ်သီး – ၅လုံး
  • ကြက်သွန်ဖြူ – ၅ တက်
  • ကြက်သွန်နီ – ၁ ခြမ်း
  • ငရုတ်သီးစိမ်းတောင့် – ၅တောင့်
  • နံနံပင် – အနည်းငယ်
  • ဂျုံမှုန့်
  • ဆီ
  • နနွင်း
  • အရောင်တင်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ဂျပန်တိုဟူးကို လက်တစ်ခန့်အရွယ် မထူမပါးလေးလှီးပြီး ဇကာတစ်ခုမှာ ရေစစ်ထားပါ ။
  2. ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို ရောပြီး ညှက်နေအောင် ထောင်းပါ ။ ခရမ်းချဉ်သီးတွေကို နုပ်နုပ်လေးစဉ်းပါ ။
  3. ရေစစ်သွားရင် ဂျပန်တိုဟူးတွေကို ဂျုံမှုန့်လူးပြီး ဆီပူပူမှာ ရွှေအိုရောင်ရအောင် ကြော်ကာ ဆီစစ်ထားပါ ။ ဒယ်အိုးတစ်လုံးမှာ ဆီကိုအပူပေးပြီး   ထောင်းထားတဲ့ ကြက်သွန်အရောကို နနွင်း ၊ အရောင်တင်တို့ နှင့် ဆီသတ်ပါ ။  အနည်းငယ်နွမ်းလာလျှင် ခရမ်းချဉ်သီးထည့်ပေါင်းပြီး ဆား ၊ ဟင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ ။
  4. အဖုံးပိတ်ပြီး ဆီပြန်လာကာ ခရမ်းချဉ်သီးတွေနှူးအိသွားသည်အထိ ချက်ပေးပြီး ငရုတ်သီးစိမ်းတောင့်လေးတွေ ပေါင်းထည့်ပါ။ နောက်ဆုံးမှ   ကြော်ထားတဲ့ ဂျပန်တိုဟူးလေးတွေထည့် ဖြေးညှင်းစွာ သမအောင်မွှေပေးပြီး နံနံပင်လေးအုပ်ကာ သုံးဆောင်နိူင်တဲ့ သားသတ်လွတ် ဂျပန်တိုဟူးဟင်းဖြစ်ပါတယ် ။

Credit: ဟင်းချက်နည်းများ