ဂျလေဘီ (Jalebi)

Share this on:

ဂျလေဘီဆိုတာ မြန်မာဘန်းစကား တစ်ခု အဖြစ် ကျော်ကြားနေပြီး ဖြစ်သလို အသုံးများတဲ့ စကား တစ်ခုလည်း ဖြစ်ပါတယ်။ ဂျလေဘီလို့ ခေါ်တဲ့ အိန္ဒိ အချိုပွဲတစ်မျိုးဟာ အရစ်အခွေ ပုံစံမျိုး ရှိလို့ လူမှုဘ၀မှာ ရှုပ်ထွေးပွေလီအောင် နေတတ်သူ ၊ အကြောင်း အရာ ရှုပ်ထွေးပွေလီသူများကို “ဂျလေဘီ” လို့ သုံးနှုံးကြတာ ဖြစ်ပါလိမ့်မယ် ။

ပါဝင်ပစ္စည်းများ

  • ဂျုံနုမှုန့် - ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
  • ဆန်မှုန့် (သို့)  ကော်မှုန့် - ၁ ဇွန်းခွဲ (ထမင်းစားဇွန်း)
  • ရေ - ၁/၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
  • ဒိန်ချဉ် - ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
  • Saffron (ကက္ကုမံ) - အနည်းငယ်
  • လိမ္မော်ရောင်စားဆိုးဆေး - အနည်းငယ်

ပြုလုပ်ပုံ

  1. ဂျုံနုမှုန့် ၊ ဆန်မှုန့် (သို့) ကော်မှုန့် ၊ ကက္ကုမံမှုန့်၊ အရောင်မှုန့်တို့ကို သမအောင်မွှေပြီး ရေကို အနည်းငယ်စီ ထည့်ကာ သမအောင် မွှေပေးပါ။
  2. ထို့နောက် ဒိန်ချဉ်ကို ရောထည့်မွှေပြီး အနည်းဆုံး (၁၀) နာရီခန့် အချဉ်ဖောက်ပေးထားရပါမယ်။
  3. ထိုစဉ်အတွင်း သကြား ၊ ရေ ၊ သံပုရာရည်၊ သစ်ကြပိုးမှုန့် ၊ နှင်းဆီရနံ့မွှေးတို့ကို ရောပြီးကျိုကာ အအေးခံထားပါ။
  4. မုန့်ကြော်ရန်အတွက် ဆီသန့်သန့်ကို အပူပေးထားပါ။ (၁၀) နာရီကျော်လို့ မုန့်နှစ်ရည် အချဉ်ဖောက်ပြီဆိုရင်တော့ နောက်တစ်ကြိမ် သမသွားအောင် ထပ်မွှေပေးပါ။
  5. အိတ်တစ်ခု (ကိတ်မုန့် အလှဆင်သောအိတ်မျိုး) ထဲကို မုန့်နှစ်ရည်ထည့်ပြီး အပေါက်ဖောက်ကာ ၃ ရစ် ၄ ရစ် အခွေလေးတွေဖြစ်အောင် ထည့်ကြော် ပြီးဆယ်ယူဆီစစ်ထားပါ။
  6. သကြားရည်ကို စောက်နက်နက် အိုး(သို့) ပန်းကန်လုံးထဲထည့်ပြီး ကြော်ထားတဲ့မုန့်ခွေလေးတွေကို သကြားရည်ပြည့်ဝအောင် စုပ်ယူစေရန် ၅ မိနစ်ခန့် စိမ်ပြီးမှ ပြန်လည်ဆယ်ယူပါ။
  7. (သကြားရည်အတွက် ပါဝင်ပစ္စည်းများ သကြား - ၁ ခွက်( လက်ဖက်ရည်ပန်းကန်လုံး) ရေ - ၁/၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး) သံပုရာရည် - ၁ ဇွန်း ( ထမင်းစားဇွန်း) နှင်းဆီရနံ့မွှေး - အနည်းငယ် သစ်ကြပိုးမှုန့် - အနည်းငယ်)
Credit: ဟငိးချက်နည်းများ

Review

User Rating

5 (3 Votes)