ရာသီဥတုအေးအေးနဲ့ ပူပူနွေးနွေးစားလို့ရတဲ့ အချိုပွဲလေး ဝေမျှပါအုံးမယ်။ မြန်မာပြည် မြိတ်ဘက်မှာတော့ သာခွေယိုင်လို့ ခေါ်တယ် ထင်ပါတယ်။ ငချိပ် ကောက်ညှင်းနဲ့ အုန်းနို့ရည် ဆမ်းလေးပါ။

ပါဝင်ပစ္စည်းများ

ငချိပ်ကောက်ညှင်း – ၂ ခွက်(လက်ဖက်ရည်ပန်းကန်)

ကောက်ညှင်းဖြူ – လက်တစ်ဆုပ်

သကြား – ၁ခွက်(လက်ဖက်ရည်ပန်းကန်)

ရေ- ၂ လီတာ

အုန်းနို့ – ၂ ခွက်(လက်ဖက်ရည်ပန်းကန်)

ဆား – အနည်းငယ်

ဆားဆွမ်းမွှေးရွက် – ၁ ရွက်အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ငချိပ်ကောက်ညှင်းနဲ့ ကောက်ညှင်းဆန်အဖြူ ကိုအနည်းဆုံး (၁) ညအိပ်ခန့် ရေစိမ်ထားပြီး ရေဆေး စစ်ထားပါ။

အုန်းနို့ကို အဆီအနှစ်၊ ရေမကွဲသွားအောင်( နွားနို့ကဲ့သို့) ကျိုပြီးအအေးခံထားပါ။

ဒန်အိုးတစ်လုံးထဲမှာ..ရေ (၂) လီတာကို ဆွမ်းမွှေးရွက်နဲ့ အတူဆူပွက်အောင် အပူပေးပါ။

ရေဆူလာပြီဆို ရေစစ်ထားတဲ့ ကောက်ညှင်း (၂) မျိုးလုံးကို ရောထည့်ပြီးကျိုပါ ။ သစ်သားယောင်းမလေးနဲ့ အဆက်မပြတ် မွှေပေးပါ။

အချို.ကောက်ညှင်းများ ကြေစေပြီး အချို.နှူးအိနေတဲ့ အနေအထား (ခပ်ပျစ်ပျစ်) ရအောင်ကျိုပေးပါ။

ဆား ၊ သကြားတို့ နှင့် အရသာ သွင်းပြီး ပျော်ဝင်အောင် ကျိုပေးပါ။

ခပ်စေးစေး ဖြစ်နေတဲ့ ကောက်ညှင်း အရည်မှာ အုန်းနို့လေး မိမိနှ စ်သက်သလို ဆမ်းပြီး ပူပူနွေးနွေး သုံးဆောင်ပါ။

Credit: Zin Mar Oo