ငပိ - Ngapi | ငပိရည် | ငပိထောင်း

ငပိရည် ငပိထောင်း တို့စရာ

July 7, 2016

ငပိရည် ငပိထောင်း တို့စရာ

Share this on:

ငပိထောင်း

ငပိရည်

ငပိရည် ငပိထောင်း တို့စရာ

ပါဝင်ပစ္စည်းများ ( ငပိရည် )

  • ငပိရည် ၂၅သား
  • ဆနွင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူ သေသေးလေး ၂ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးလှော်မှုန့် အနည်းငယ်
  • အချိုမှုန့် အနည်းငယ်
  • ပါဝင်ပစ္စည်းများ ( ငပိထောင်း )
  • ပုဇွန်ငပိ ၁၀ သား
  • ငရုတ်သီးစိမ်း ၂၀ တောင့်
  • ကြက်သွန်ဖြူ သေသေးလေး ၂ ဇွန်း (ထမင်းစားဇွန်း)
  • အချိုမှုန့် အနည်းငယ်
  • သံပုရာသီး

ပြုလုပ်နည်း ( ငပိရည် )

  1. အိုးထဲတွင် ငပိရည်ကို ဆနွင်းမှုန့် အနည်းငယ်ထည့်ရ်ျ ငပိကို ရေဖုံးရုံ ကျော်ကျော် ထည့်ပြီး မီးအေးအေးနှင့် ကြိုပါ ။
  2. ပထမတရေ လျော့သွားမှ နောက်ထပ် ရေနွေးကို ချိန်ဆထည့်ပြီး မီးအေးအေးနှင့် ကြိုပါ ။
  3. ငပိရည် ပွက်လာလျင် မီးဖို ပေါ်မှ ချပြီး အအေးခံရ်ျ အရိုးများကို စစ်ထုပ်ပါ ။
  4. ဒယ်အိုးပြားလေးတွင် ကြက်သွန်ဖြူ သေးသေးလေးများကို ထည့်ရ်ျ လှော်ပါ ။ ပြီးလျင် မညက်တညက် ထောင်းပါ ။
  5. ပန်းကန်လုံးထဲတွင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ငပိရည်ကြို နှင့် အချိုမှုန့် အနည်းငယ်ကို ထည့်ပါ ။
  6. အိမ်မှတော့ ငပိရည် စားကာနီးမှ ငရုတ်သီးခြောက်တောင့်များကို လှော်ရ်ျ ထောင်းပြီးတာနဲ့ ငပိရည် ပန်းကန်ထဲကို တန်းပြီး လိုအပ်သလောက် ထည့်ပါ ။
  7. ငရုတ်သီးနံ့ မွှေးပြီး အရသာ ကောငိးတဲ့ ငပိရည် တခွက်ကို ရပါမယ် ။
  8. ပြုလုပ်နည်း ( ငပိထောင်း)
  9. ကြွေပန်းကန်ပြားထဲတွင် ပုဇွန်ငပိကို ထည့်ရ်ျ Microwave ထဲတွင် ၃၀စက်ကန့်ခန့် ထည့်ပြီး ကင်ပါ ။ ၁မိနစ် ထားကင်လျင် ငပိတူး သွားပါမည် ။
  10. ငရုတ်သီးစိမ်းကို ရေ အနည်းငယ်နှင့် ပြုတ်ရ်ျ လှော်ပါ ။
  11. ဒယ်အိုးပြားလေးတွင် ကြက်သွန်ဖြူ သေးသေးလေးများကို ထည့်ရ်ျ လှော်ပါ ။
  12. လှော်ထားသည့် ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူ သေးသေးလေးများကို အရင် ညက်အောင် ထောင်းရ်ျ ကင်ထားသော ပုဇွန်ငပိကိုပါ ရောထောင်းပါ ။
  13. ထောင်းထားသည့် ငပိထောင်းကို မြည်းရ်ျ အချိုမှုန့် အနည်းငယ်ကို လိုအပ်လျင် ထည့်ပါ ။
  14. အရသာ အပေါ့ အငံ မြည်းရ်ျ သံပုရာ ရွှဲရွှဲညှစ်ပြီး သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

5 (1 Votes)