ငပိကြော်

Share this on:

ငပိကြော်၁

ငပိကြော်၂

ပါဝင်ပစ္စည်းများ

  • ပုဇွန်ခြောက်  ၁၀ သားခန့် 
  • ကြက်သွန်နီ အကြီး ၂ လုံး (ပါးပါး လှီးထားပါ)
  • ကြက်သွန်ဖြူ အမွှာကြီး ၅ မွှာ (မထူမပါး လှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • ငရုတ်သီးခြောက် ခွဲခြမ်း အနည်းငယ်
  • ဆီ
  • အချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. ပုဇွန်ခြောက် များကို ရေနွေးနွေးလေး နှင့်  ရှလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ် ထည့်ရ်ျ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ ။
  2. ပြီးလျင် ရေစစ်ထားသည့် ပုဇွန်ခြောက် များကို အိုးထဲတွင် အနည်းငယ်ခြောက်အောင် ပြန်လှော်ပါ ။
  3. လှော်ပြီးသည့် ပုဇွန်ခြောက် များကို ဆုံထဲတွင် ထောင်းပါ ။  
  4. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး နနွင်းမှုန့် အနည်းငယ် ထည့်ရ်ျ ပါးပါး လှီးထားသည့် ကြက်သွန်နီများကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ ။ ကြွပ်နေသည့် ကြက်သွန်နီကြော်များကို ဆယ်ရ်ျ အအေးခံထားပါ ။
  5. ကြက်သွန်နီကြော် ထားသည့် ဆီထဲတွင် မထူမပါး လှီးထားသော ကြက်သွန်ဖြူကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ ။ ကြွပ်နေသည့် ကြက်သွန်ဖြူကြော်များကို ဆယ်ရ်ျ အအေးခံထားပါ ။
  6. ပြီးလျင် ထောင်းထားသော ပုဇွန်ခြောက်များကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ ။
  7. ကြွပ်နေသည့် ပုဇွန်ခြောက်ကြော်များကို ဆယ်ရ်ျ အအေးခံ ထားပါ ။
  8. နောက်ဆုံးမှ ငရုတ်သီးခြောက် ခွဲခြမ်း များကို ကြော်ရ်ျ ကြော်ပြီးသော ပုဇွန်ခြောက် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့နှင့် ရောရ်ျ အချိုမှုန့် အနည်းငယ် (နှစ်သက်လျင်) ဖြူးပါ ။
  9. အရသာ အပေါ့အငံ မြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

0 (0 Votes)