ငပိကောင် - Salted Fish | ငရုတ်သီး - Chilli | အကြော် - Fried

ငဖါးမ ငပိကောင် အစပ်ကြော်

August 28, 2016

ငဖါးမ ငပိကောင် အစပ်ကြော်

Share this on:

ငါးဖါးမ ငပိကောင်ကို ကျွတ်ကျွတ်ကြော် ဆိုတာနဲ့ ထမင်းမြိန်တော့မှာပေါ့နော် ။

ပါဝင်ပစ္စည်းများ

  • ငဖါးမ ငပိကောင် - ၂ ကောင်
  • နနွင်းမှုန့် - အနည်းငယ်
  • အချိုမှုန့် - အနည်းငယ်
  • ငရုတ်သီးကြမ်း - ၃ ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်နီ - ၃ လုံး (ပါးပါးလှီးထားပါ)
  • ဆီ - များများ(ကြော်ရန်)

ပြုလုပ်နည်း

  1. ငဖါးမ ငပိကောင်ကို ရေဆေးပြီး စစ်ထားပါ ။
  2. ငဖါးမကို နနွင်းမှုန့် ၊ အချိုမှုန့် တို့နှင့် နယ်ပါ ။
  3. ပြီးလျင် ဒယ်အိုးထဲတွင် ဆီများများထည့်ပြီး ဆီပူလာလျင် ငဖါးမကို ထည့်ပြီး ကြွတ်အောင် မီးအေးအေးဖြင့် ကြော်ပါ ။
  4. ငဖါးမ အဝါရောင် သန်းလာလျင် နောက်တဖက်သို့ လှန်ရ်ျ ကြော်ပါ ။
  5. နှစ်ဖက်စလုံး အဝါရောင်သန်းလျင် ဆီအိုးမှ ဆယ်ရ်ျ ဆီစစ်ပြီး အအေးခံထားပါ ။ အေးလျင် ငဖားမ ကြွတ်သွားပါမည် ။
  6. ငရုတ်သီးကြမ်းကို ဆီနှင့် လှောပါ ။
  7. ကြက်သွန်နီကို ဆီထဲတွင် မီးအေးအေးဖြင့် ကြော်ပါ ။ ကြက်သွန်နီ ရွှေရောင်သန်းလျင် ဆီအိုးမှဆယ်ရ်ျ ဆီစစ်ပြီး အအေးခံထားပါ ။
  8. ကြက်သွန်နီကြော် နှင့် ငရုတ်သီးကြမ်းလှော်ကို ရောရ်ျ ငဖါးမကြွတ်ကြွတ်ကြော်ပေါ်တင်ရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

4.3 (7 Votes)