ငရုတ်ဆီ

Share this on:

အနှစ် များများ ရစေရန် အစပ်ပေါ့သော်လည်း အသားထူသည့် ငရုတ်သီး အကြီးမျိုးကို သုံးထားပါတယ် ။  ပိုစပ်သော အရသာ ရလိုလျှင် Thai Chili (သို့) ကုလားအော်သီး ကဲ့သို့ စပ်သည့် ငရုတ်သီး များဖြင့် တွဲဖက် သုံးပေးနိုင်ပါတယ် ။

%22ငရုတ်ဆီ%22 1

အချဉ်စိမ်ရန် ပါဝင်ပစ္စည်းများ

  • ငရုတ်သီးစိမ်း - ၃၅၀ ဂရမ် (လှီးပြီးနောက် ၂ ၁/၂ ခန့်)
  • ကြက်သွန်ဖြူ - ၁/၃ ခွက် (၈၀ ml)
  • ဆား - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ရှာလကာရည် - ၆၀၀ ml

အချဉ်စိမ်ရန် ပြုလုပ်နည်း

  1. အချဉ် စိမ်ရန် အတွက် ငရုတ်သီး ၊ ကြက်သွန်ဖြူ၊ ၊ ဆား နှင့် ရှာလကာရည် တို့ကို သန့်ပြန့် သောပုလင်း ထဲထည့်ပါ ။
  2. အဖုံးဖုံးပြီး ရာသီဥတု အပူ အအေး ပေါ်မူတည်၍ ၂ ရက် (သို့) ၃ ရက်ခန့် အခန်းအပူရှိန်ဖြင့် ထားပါ ။
  3. အရမ်း ချဉ်သွားအောင် လုပ်ရန် မလိုပါ ။ အနံ့ ပိုမွှေးစေရန် အတွက်သာ ဖြစ်ပါတယ် ။
ငရုတ်ဆီ လုပ်ရန် လိုအပ်သော ပစ္စည်းများ

  • အချဉ် စိမ်ထားသော ငရုတ်သီး - ၂ ၁/၂ ခွက် ခန့်
  • အချဉ် စိမ်ထားသော ကြက်သွန်ဖြူ - ၁/၃ ခွက် (၈၀ ml)
  • ငရုတ်သီး စိမ်ထားသော ရှာလကာရည် - ၁ ခွက် (၂၅၀ ml) ခန့်
  • သကြား - ထမင်းစားဇွန်း ၃ ဇွန်း (သို့) မိမိ နှစ်သက်သလို ထည့်ရန်
  • ဆား - ထမင်းစားဇွန်း ၁ ဇွန်း (သို့) မိမိ နှစ်သက်သလို ထည့်ရန်

    ငရုတ်ဆီ ပြုလုပ်နည်း

    1. အချဉ် စိမ်ထားသော ငရုတ်သီး ၊ ကြက်သွန်ဖြူ၊ ၊ ငရုတ်သီး စိမ်ထားသော ရှာလကာရည် ၊ သကြား နှင့် ဆားတို့ကို အိုးထဲထည့်ကာ High Heat ဖြင့် အဖတ်များ နူးကာ ပုံပါအတိုင်း အရည် (ထမင်းစားဇွန်း ၄ ဇွန်းခန့်) လောက်သာ ကျန်သည်အထိ တည်ထားပါ ။

    2. အရည်အကျန်များကာ ကြိတ်ပြီးနောက် ငရုတ်ဆီကျဲနေပါက မီးအေးအေးဖြင့် ပျစ်လာအောင် ပြန်တည်ပေးနိုင်ပါတယ်။

    3. ပြီးလျှင် မိမိ အဆင်ပြေရာ ကြိတ်စက်ဖြင့် အရမ်းကြေညက် သွားအောင် ကြိတ်ပေးပါ ။

    4. ကြေညက်သွားလျှင် ငရုတ်ဆီ များကို ဇကာခံပြီး တတ်နိုင်သမျှ ခြစ်ချယူပေးပါ ။ ဇကာ အပြင်ဖက်တွင် ကပ်နေသော ငရုတ်ဆီ များကိုလည်း ခြစ်ချ ယူပေးပါ ။

    5. ရရှိလာသော ငရုတ်ဆီကို အပေါ့အငံ မြည်းကြည့်ပြီး လိုအပ်လျှင် ဆား နှင့် သကြား ထပ်ထည့်မွှေရော၍ အအေး ခံထားပြီးလျှင် ငရုတ်ဆီလေး သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ ။

    5. အသုံး မပြုသေးသော ငရုတ်ဆီကို သန့်ပြန့်သော ပုလင်းထဲ ထည့်ကာ အဖုံး ဖုံးပြီး ရေခဲသေတ္တာတွင် သိမ်းပါ ။

    Credit: Chaw Su's Food Friends
  • Review

    User Rating

    3.7 (3 Votes)