ငရုတ်သီးတွေပါတဲ့ အစားအစာတွေကို စားမိတဲ့အခါ ပါးစပ်တစ်ခုလုံး ပူနေပြီး ခံရခက်တဲ့ ဝေဒနာမျိုး ကြုံဖူးကြမှာပါ။ နှာရည်တွေ ကျလာပြီး မျက်ရည်တွေပါ ထွက်လာတဲ့ အထိ စပ်ဖူးတယ်ဆိုရင်တော့ တော်တော်ဆိုးပါပြီ။ ဒီလို ဘာကြောင့် ဖြစ်တာလဲဆိုတော့ ငရုတ်သီးထဲမှာပါတဲ့ Capsaicin လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့်ပါ။ ဒီလို အခြေအနေမျိုးတွေမှာ ရေကို ချက်ချင်း မသောက်ပါနဲ့။ ဒါဆို ဘာလုပ်ရမလဲ ?

Source: SweatBlock

နို့အေးတစ်ခွက် သောက်ပါ။ ပါးစပ်တွေ ပူနေတဲ့ အခါ အကောင်းဆုံးက နို့အေးအေး တစ်ခွက်သောက်လိုက်ခြင်းပါ။ နို့ထဲမှာ ပါတဲ့ ပရိုတိန်းဓာတ်တွေက Capsaicin  ဓာတ်တွေကို ဖျက်ဆီးပေးပါတယ်။ ဒိန်ချဉ်အေးအေး တစ်ခွက်လည်း အတူတူပါပဲ။ ဒါ့အပြင် ထောပတ်ပါတဲ့ မုန့်၊ ချိစ်တို့ကိုလည်း စားပေးလို့ရပါတယ်။ ခဏလေးနဲ့ ကိုယ်ထဲက ပူစပ်ပူလောင် ဖြစ်ခြင်းကို သက်သာစေမှာပါ။

Source: ARY Zauq

နောက်တစ်နည်းကတော့ သင့်အနားမှာ ရှိနေတဲ့ အာလူး၊ ထမင်း၊ ခရက်ကာ၊ ပေါင်မုန့် တစ်ခုခုကို စားလိုက်ပါ။ ဒီလို ကစီဓာတ်ပြည့်ဝတဲ့ အစားအစာတွေဟာ အပူတွေကို စုပ်ယူနိုင်ပြီး ကိုယ်ထဲကိုလည်း အပူတွေ မြန်မြန် မဝင်ရောက်နိုင်ပါဘူး။ ဒါတွေ အနား မရှိရင်တော့ သကြားတစ်ဇွန်း စားလိုက်ပါ။ ဒါမှမဟုတ် ချိုချဉ်ပေါ့။ သကြားနဲ့ မတည့်တဲ့ လူတွေကတော့ ပျားရည် စားလို့ရပါတယ်။