ပါဝင်ပစ္စည်းများ

  • ဗမာကြက် – ၅၀ ကျပ်သား (အနည်းငယ်ရင့်)
  • ခေါက်ဆွဲ – ၇၅ ကျပ်သား
  • ငါးငံပြာရည် – ၅ဇွန်း
  • ဆား – ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငရုပ်ကြမ်းမှုန့် – (အစပ်စားနိုင်သလောက်)
  • ကြက်သွန်နီ – ၂၀ လုံးသေး (အလုံးလိုက်လေးစိတ်အရာပေးထားပါ)
  • ကြက်သွန်ဖြူ – ၁ လုံး (မညက်တညက်ထောင်းထားပါ)
  • ဂျင်း – အနည်းငယ် (အခွံသင်ပြီး ထုထားပေးပါ။)
  • နနွင်း – သင့်ရုံ
  • သံပုရာသီး
  • ကြက်သွန်ဖူး
  • နံနံပင်
  • Cook ပဲပိစပ်ဆီ – ၁၀ ကျပ်သား

ပြုလုပ်နည်း

ကြက်သားများကို လေးခြမ်း ခြမ်းပြီး ဆား 1 tsp၊ ငံပြာရည် 3 tbs၊ ရေနွေး 250 ml၊ ကြက်သွန်ဖြူ ဖြင့် ရေခမ်းပြုတ်ကာ အသားနွှင်ပြီး သေးသေးတုံးထားပါ။

အရိုးများကို ဟင်းချို အတွက် ဆူအောင် တည်ထားပါ။ ဒယ်အိုးထဲတွင် Cook ပဲပိစပ်ဆီ ၇ကျပ်ခွဲသား ထည့်ကာ မုန့်ကြွတ် ကြော်ထားပါ။ ဆီအိုးထဲသို့ ဆီ ၂ ကျပ်ခွဲသား ထပ်ထည့်၍ လေးစိတ် အရာပေးထားသော ကြက်သွန်နီများကို အနည်းငယ် အရောင်ရပြီး မွှေးလာသည်ထိ ကြော်ပြီး ဆီစစ် ထားပါ။

ကြော်နေရင်း ကြက်သွန်ဖက်လေးများ အလွှာလိုက် ကွာကျလာပြီး ကြွပ်အောင်ထိ မကြော်ရပါ။ ထုထားသော ဂျင်းထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ။

နနွင်းမုန့်၊ ငရုပ်မှုန့် ထည့်ပါ။ အသားနွှင် ထားသော ကြက်သားကြော်ထားသော ကြက်သွန်နီ၊ ငံပြာရည် 2 tbs ၊ ကြက်ပြုတ်ရည် ထည့်ပါ။ ရေနွေးသင့်ရုံထည့်ပါ။

စိတ်ကြိုက် အရသာပြင်ပြီး မီးအေးအေးဖြင့် ဆက်တည်ထားပါ။ (ခေါက်ဆွဲ သို့ မုန့်တီဖြင့် စားရန် ဆီနီ၊ ဆီဝါများ ထည့်ရန်မလိုတဲ့ အနံ အရသာနှင့် ပြည်စုံတဲ့ Cook ပဲပိစပ်ဆီ နှင့် ချက်ထားတဲ့ ကြက်သား ဟင်း ရပါပြီ။

Credit: Soe’s Cooking Collection