ကင်နေကျ အပေါ်ယံ မတူးစေပဲ ပေါင်းသလို ကင်ကြည့်တယ်။  စားလို့ တကယ်ကောင်းလို့ နည်းလေး မျှလိုက်မယ်နော်။

ပါဝင်ပစ္စည်းများ

  • နှစ်သက်ရာ ငါး
  • ဆား
  • သကြား
  • ငြုပ်ကောင်းမှုန့်
  • ကြာညို့ – အနည်းငယ်
  • ဂျင်းအနည်းငယ် – ထောင်းပြီး အရည်ညှစ်ထားပါ
  • ဖက်ဖယ်ရွက်
  • ပင်စိမ်း
  • ရှမ်းနံနံ
  • ငြုပ်စိမ်းတောင့်
  • ကြက်သွန်ဖြူ
  • အသားမှုန့်
  • ဆီ အနည်းငယ်
  • Aluminum Foil

ပြုလုပ်နည်း

  1. နှစ်သက်ရာ ငါးကို သန့်ပြီး ရေခြောက်အောင် သုတ်ကာ ငါးတကိုယ်လုံးကို ခက်ရင်းနဲ့ ထိုးထားပါ ။
  2. ဆား ၊ သကြား ၊ ငြုပ်ကောင်းမှုန့် ၊ ကြာညို့ အနည်းငယ် တို့နှင့် ဂျင်အနည်းငယ် ထောင်းပြီး အရည်ညှစ်ထားတာကို ထည့်နယ်ကာ အနည်းဆုံး ၃ နာရီလောက် နှပ်ထားပါ။
  3. ငါးဗိုက်ထဲ ထည့်ဖိုရန် ဖက်ဖယ်ရွက် ၊ ပင်စိမ်း ၊ ရှမ်းနံနံ ကြိုက်ရာ တစ်မျိုး (သို့) နှစ်မျိုး နှင့် ငြုပ်စိမ်းတောင့် ၊ ကြက်သွန်ဖြူ ၊ အစောနက ထောင်းထားတဲ့ ဂျင်း ၊ ဆား ၊ အသားမှုန့် ၊ ဆီလေးနဲနဲထည့်ကာ ငါးဗိုက်ထဲ သွပ်ပါ ။
  4. Aluminum Foil နှင့် ပတ်ပြီး အကင် အိုးထဲမှာ အပူချိန် ၂၂၀ နဲ့ ၁၅ မိနစ် ၂ ကျော့ ကင်လိုက်တာ ပျော့ပျော့လေးနဲ့ အတော် စားကောင်းပါတယ်။

Credit: Mi Shwe Kwett