ငါး - Fish | ဟင်း - Curry

ငါးခူ ချဉ်ငံစပ်ချက်

April 28, 2016

ငါးခူ ချဉ်ငံစပ်ချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးခူး
  • မန်ကျည်းသီးမှည့်
  • ဆား
  • နနွင်း
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုပ်သီးစိမ်း
  • ဘိတ်ငပိ
  • ဆီ
  • နံနံပင်အုပ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးခူးကို တစ်ကောင်းနှစ်ပိုင်းစီ ပိုင်းပြီး မန်ကျည်းသီးမှည့်နှင့်နယ်ဆေးပါ ။  (အညှီနံ ပျောက်စေရန်)
  2. ငါးကို ဆား ၊ နနွင်း နယ်ထားပါ ။   ကြက်သွန်ဖြူ  ၊ ဂျင်း နှင့် ငရုပ်သီးစိမ်းကြိတ်ထားပါ ။   ဘိတ်ငပိ ကိုလည်း အရေ ဖျော်ထားပါ ။
  3. ပီးနောက် ဒယ်အိုးကို မီးပေါ်တင်ကာ ဆီပူလာသည်နှင့် ကြိတ်ထားသော ကြက်သွန်ဖြူ  ၊ ဂျင်းတို့ ထည့်ကာ အရောင် နွမ်းလာသည်နှင့် ငါးခူးထည့် ဆီဖျစ်ဖျစ် မြည်တာနဲ့ အိုးကို လှုပ်ပေးပါ ။
  4. ငါးလဲမကပ် ကြိတ်ထားတာလဲ မတူးရအောင် ငါးအရောင် ပြောင်းတာနဲ့ ရေအနည်းငယ် တည့် ၊ ဆားထည့်ပါ ။ ပွက်လာရင် ငပိရေဖျော်ထည့်ပါ ။
  5. ဆူလာရင် အရသာမြည်းပြီး မန်ကျည်းရေဖျော်ထည့်ပါ ။ အရသာအနေတော်ဖြစ်ပါက   နံနံပင်အုပ်ပြီး ချ၍ သုံးဆောင်နိုင်ပါသည် ။
Credit: Htay Htaythan

Review

User Rating

5 (1 Votes)