ငပိချက် | ငပိကောင် - Salted Fish

ငါးခူငပိကောင် ငပိချက်

June 15, 2016

ငါးခူငပိကောင် ငပိချက်

Share this on:

ငါးခူငပိကောင် ငပိချက်

ငါးခူငပိကောင် ငပိချက်၂

ငါးခူငပိကောင်-ငပိချက်၁-2

ပါဝင်ပစ္စည်း

  • ငါးခူငါးပိကောင်  ၁ ကောင်
  • ခရမ်းချဉ်သီးမှည့်မှည့်    ၃ လုံး (ပါးပါးသေးသေးလှီးထားပါ)
  • ကြက်သွန်နီ အကြီး    ၁ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ    ၃/၄ မွှာ  (ထောင်းထားပါ)
  • အရောင်တင်မှုန့်    အနည်းငယ်
  • နနွင်းမှုန့်   အနည်းငယ်
  • ဆီ    ၂ ကျပ်ခွဲသား
  • ငရုတ်သီးစိမ်း   ၁၀ တောင့် 
  • ဆား  
  • နံနံပင်

ပြုလုပ်နည်း

  1. ငါးခူ ငပိကောင်များကို ချက်ရန် အတွက် အနေတော် တုံးရ်ျ ရေနွေးနွေးလေးထဲတွင် ဆားဓါတ်များ လျော့သွားစေရန် ၁၀မိနစ်ခန့် စိမ်ထားပါ ။
  2. ပြီးလျင် ရေထဲတွင် ရှလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ် ထည့်ရ်ျ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ ။
  3. ဒယ်အိုးထဲ ဆီပူလာလျှင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီသပ်ပြီး နွမ်းလာလျှင် နနွင်းမှုန့် ၊ အရောင်တင်မှုန့် ထည့်ပါ ။
  4. ပြီးလျင် ခရမ်းချဉ်သီး ထည့်မွှေပေးပြီး တုံးထားသော ငါးခူ ငပိကောင်များကို အိလာလျှင် ထည့်ပါ ။
  5. ရေသင့်ရုံထည့်ပြီး အဖုံး အုပ်ထားပါ ။
  6. ခဏကြာလျင် ငါးခူ ငပိကောင်လေးများ အိလာလျှင် ငရုတ်သီးစိမ်း နှင့် နံနံပင်အုပ်ပြီး မီးပိတ်လို့ ရပါပြီ ။ အရသာ အပေါ့အငံမြည်းရ်ျ ဆား ၊ ငရုပ်စပ်တို့ကို ထည့်နိုင်ပါသည် ။
  7. အနံ့ အရသာနှင့် ပြည့်စုံတဲ့ ငါးခူငပိကောင် ငပိချက် ဟင်းလေး တစ်ခွက် ရပါပြီ ။
  8. အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည် ။
My Food Myanmar

Review

User Rating

0 (0 Votes)