ငပိကောင် - Salted Fish | အကြော် - Fried

ငါးခူ ငပိကောင်ကြော်

June 15, 2016

ငါးခူ ငပိကောင်ကြော်

Share this on:

ငါးခူ ငပိကောင်ကြော်

2

ပါဝင်ပစ္စည်းများ

  • ငါးခူ ငပိကောင် ၂ ကောင်  
  • ကြက်သွန်နီ အကြီး   ၂ လုံး  (ပါးပါး လှီးထားပါ)
  • ကြက်သွန်ဖြူ အမွှာကြီး   ၅ မွှာ (မထူမပါး လှီးထားပါ)
  • နနွင်းမှုန့်   အနည်းငယ်
  • ငရုတ်သီးခြောက် ခွဲခြမ်း   အနည်းငယ်
  • ဆီ
  • အချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. ငါးခူ ငပိကောင်များကို  ကြော်ရန် အတွက် အနေတော် တုံးရ်ျ ရေနွေးနွေးလေးထဲတွင် ဆားဓါတ်များ လျော့သွားစေရန် ၁၀မိနစ်ခန့် စိမ်ထားပါ ။
  2. ပြီးလျင် ရေထဲတွင် ရှလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ် ထည့်ရ်ျ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ ။
  3. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး နနွင်းမှုန့် အနည်းငယ် ထည့်ရ်ျ ပါးပါး လှီးထားသည့် ကြက်သွန်နီများကို  မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ ။   ကြွပ်နေသည့် ကြက်သွန်နီကြော်များကို ဆယ်ရ်ျ အအေးခံထားပါ ။
  4. ကြက်သွန်နီကြော် ထားသည့် ဆီထဲတွင်  မထူမပါး လှီးထားသော ကြက်သွန်ဖြူကို  မီးအေးအေးဖြင့် ကြွပ်နေအောင်    ကြော်ပါ ။   ကြွပ်နေသည့် ကြက်သွန်ဖြူကြော်များကို ဆယ်ရ်ျ အအေးခံထားပါ ။ 
  5. ပြီးလျင် စစ်ထားသော ငါးခူငပိကောင်များကို  မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ ။   ကြွပ်နေသည့် ငါးခူငပိကောင်ကြော်များကို ဆယ်ရ်ျ အအေးခံထားပါ ။
  6. နောက်ဆုံးမှ ငရုတ်သီးခြောက် ခွဲခြမ်း  များကို ကြော်ရ်ျ  ကြော်ပြီးသော ငါးခူငပိကောင် ၊  ကြက်သွန်နီ ၊  ကြက်သွန်ဖြူ တို့နှင့် ရောရ်ျ  အချိုမှုန့် အနည်းငယ် (နှစ်သက်လျင်) ဖြူးပါ ။
  7. အရသာ အပေါ့အငံမြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

0 (0 Votes)