ငါးခူ နှင့် မျှစ် သောက်ဆမ်း

Share this on:

ငါးခူ နှင့် မျှစ် သောက်ဆမ်းကို ထမင်း နှင့် စားရ်ျ ရသလို မုန့်ဖတ်ခပ်ပြီး စားရ်ျလည်း ရပါသည် ။  ကျမကတော့ မုန့်ဖတ်ခပ်ရ်ျ သံပုရာသီးလေး ညှစ်ြ ပီး စားရသည်ကို  အင်မတန် နှစ်သက်ပါသည် ။  အထူးသဖြင့်နေမကောင်းပြီး နလံထ အချိန်ဆို ဒီဟင်းရည်ကို ငရုတ်ကောင်းပါ ခပ်ပြီး ရှုးရှဲ သောက်လိုက်လျင် ချွေးများလည်းထွက် ၊ ခံတွင်းလည်း ကောင်းစေပါတယ် ။  ငါးအစား ပုဇွန် နှင့် လည်းချက်ရ်ျ ရပါတယ် ။

2

3

ပါဝင်ပစ္စည်းများ

  • ငါးခူ ၅ တုံး
  • မျှစ် လက်၂ဆုပ် (ပြုပ်ထားပါ)
  • ကြက်သွန်နီ တခြမ်း (၄စိတ်စိပ်ပါ)
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
  • ပဒဲကော လက် ၁ဆစ် (ကွဲရုံထုထားပါ)
  • ငါးပိရည်ကြို ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးစိမ်း အနီတောင့် ၂ တောင့် (ပါးပါးလှီးထားပါ)
  • ဆား အနည်းငယ်
  • အချိုမှုန့် အနည်းငယ်
  • ပင်စိမ်းရွက် အနည်းငယ်

ပြုလုပ်နည်း

  1. အိုးထဲတွင် ငါးပိရည်ကြို ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ပဒဲကော တို့ကို ရေနှင့် ဆူသည်အထိ မီးအေးအေးဖြင့် တည်ပါ ။
  2. ရေဆူလျင် ပြုတ်ထားသော မျှစ် နှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်းတို့ကို ဟင်းချိုအိုးထဲ ထည့်ရ်ျ တည်ပါ ။
  3. ဟင်းရည် ကျလျင် ငါးခူ အတုံးများကို ခပ်ရ်ျ ဆား ၊ အချိုမှုန့် အနည်းငယ်ထည့်ရ်ျ ပင်စိမ်းရွက်ကို အုပ်ပါ ။
  4. အရသာ အပေါ့အငံမြည်းရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

5 (5 Votes)