ငါးခူ – မြေပဲ မုန့်ဟင်းခါး

Share this on:

ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး ငါးသလောက်ဥ ပါတယ်နော် ။

ငါးသလောက်ဥ 2016-04-04 at 12.38.46 pm

ပါဝင်ပစ္စည်း

  • ငါးခူ
  • မြေပဲ လှော်ထားအခွံသန့်စင်ထားပါ.
  • ကုလားပဲ ပြုတ်ထားပါ.
  • ဆန်လှော်မှုန့်
  • စပါးလင်
  • ကြက်သွန်ဖြူ (ညှက်အောင်ထောင်းထားပါ)
  • ကြက်သွန်နီ (ညှက်အောင်ထောင်းထားပါ)
  • ဂျင်း (ညှက်အောင်ထောင်းထားပါ)
  • ဘဲဥ ပြုတ်ထားပါ
  • င၇ုတ်နှစ်
  • ငံပြာရည်
  • အချိုမှုန့်
  • ဆား
  • ဆနွင်း
  • သကြား
  • ဆီ

ပြလုပ်နည်း

  1. ငါးခူကို ဆား ၊ ဆနွင်း ၊ ငံပြာ၇ည်  ၊ စပါးလင် ထုထည့် ၊ ရေထည့် ပြုတ်ပါ ။
  2. ငါးနူး၇င် ဆယ်ထားပြီး ငါးအသားနွှာ ထားပါ ။  ငါး၇ိုးကို ထောင်းပြီး အ၇ည်စစ် ယူထားပါ ။
  3. ကုလားပဲကို ထောင်းထားပါ. ။
  4. မြေပဲ လှော်ထောင်း ထားပါ ။
  5. 5. ဆန်လှော်မှုန့် ကိုမွှေးအောင် ပြန်လှော်ထားပါ ။
  6. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ စပါးလင် ညှက်နေအောင် ထောင်းထားပါ ။
  7. ဘဲဥ ပြုတ်ပြီး အိုးဘဲဥ လုပ်၇န် ချန်ထားပြီး ပါးပါးလှီး ထားပါ ။
  8. ဒယ်အိုးထဲ ဆီထည့် ၊ ကြက်သွန်ဖြူထည့် မွှေးလာလျှင် ဂျင်း ၊ စပါးလင် ၊ ကြကိသွန်နီ ထည့်  ၊ ဆနွင်း အနည်းငယ်ထည့် ၊ င၇ုတ်ပုနှစ်ထည့် ငါးအသားထည့် မွှေပါ ။   မွှေးလာလျှင် ချထားပါ ။
  9. ငါးပြုတ်၇ည် ပွက်ပွက်ဆူ ထဲကို ဆန်လှော်မှုန့် အ၇ည်ဖျော် ထည့်မွှေပါ ။
  10. ကုလားပဲ ပြုတ်ညှက်အောင် ထောင်းပြီး အ၇ည်ဖျော်ထည့်ပါ ။
  11. မြေပဲလှော်မှုန့် ညှက်အောင် ထောင်းထားတာ ထည့်ပြီး မွှေးလာသည် ဆူသည် အထိ မွှေပေးပါ ။
  12. ပြီးလျှင် ငါး ဆီသတ်ထားတာ ထည့်ပါ ။  အ၇သာ စိတ်ကြိုက် ပြင်ဆင်ပါ ။ (အုန်းနို့ ထည့်ချင်လျှင် ထည့်ပါ)
  13. ကြက်သွန်နီ အလုံးလိုက် ထည့်ပါ ။
  14. အိုးဘဲဥ လုပ်၇န် ဘဲဥ အလုံးလိုက် ထည့်ပါ ။  ဘဲဥ ပါးပါးလှီး ထားတာ ထည့်ပါ ။
  15. ဟင်း၇ည်သား ကျလာလျှင် ကျက်ပါပြီ ။
  16. ငါးသလောက်ဥ ကိုဆား ၊အချိုမှုန့် ၊ဆနွင်း ၊ဆီ ထည့်ပြီးေ၇ထည့် ပြုတ်ကြော် လုပ်ထားပါ ။  အသင့်ထည့် စား၇န် အတွက်ပါ ။
  17. အ၇သာ၇ှိစွာသုံးဆောင်နိုင်ပါသည် ။
Credit: Yadana Cooking

Review

User Rating

0 (0 Votes)