အားလုံးပဲ မင်္ဂလာပါ။ ငါးဟင်းကို ဆီပြန်ကြီးချက်မစားချင်တော့ဘူးဆိုသူတွေအတွက် စားလို့အလွန်ကောင်းတဲ့ ငါးငရုတ်သီးထောင်းဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားကြော်နွှာ – ၁ လုံး (ဟင်းချိုပန်းကန်လုံးသေး)
  • ကြက်သွန်ဖြူ – ၅ မွှာ
  • ငြုပ်သီးအကြက်မှုန့် – ၅ ဇွန်း (လဘက်ရည်ဇွန်း)
  • ဟင်းချိုမှုန့် – အနည်းငယ်
  • ဆား – အနည်းငယ်

ပြုလုပ်နည်း

  1. ငါးကြော်မှ အသားများကို နွှင်ထားပါ။
  2. ငြုပ်သီးအကြက်မှုန့် ၊ ကြက်သွန်ဖြူ ၊ ဆား နှင့် ဟင်းချိုမှုန့် ကို ဆုံထဲတွင် အရင် ညက်နေအောင် ထောင်းပါ။
  3. ပြီးလျင် နွှင်ထားသော ငါးအသားများကို ဆုံထဲတွင် ရောထောင်းပါ။
  4. မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင် ပါပြီ။

MyFood Myanmar