ငါး - Fish | ဟင်း - Curry

ငါးစင်ရိုင်းအိုးကပ်

July 1, 2016

ငါးစင်ရိုင်းအိုးကပ်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးစင်ရိုင်း - ၂၀ကျပ်သားခန့်
  • ခရမ်းချဉ်သီး - ၃လုံး
  • ကြက်သွန်နီ - ၁ခြမ်း
  • ကြက်သွန်ဖြူ - ၅တက်
  • ငရုတ်ခြောက်တောင့် - ၅တောင့်
  • ငရုတ်သီးစိမ်း - ၅တောင့်
  • ပင်စိမ်း (သို့) ရှမ်းနံနံ မိမိနှစ်သက်သလို
  • ဆား
  • ဟင်းခတ်မှုန့်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးစင်ရိုင်းကို ချေးထုတ် ၊ နှုတ်သီးဖြတ်ပြီး ရေဆေးသန့်စင်ပါ ။ ဆား ၊ ဟင်းခတ်မှုန့် ၊ နနွင်းမှုန့်အနည်းငယ်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ ။
  2. ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းစဉ်းပါ ။ ငရုတ်သီးစိမ်း ၊ ရှမ်းနံနံ တို့ကို ပါးပါးလှီးပါ ။
  3. ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို ဦးစွာဖြန့်ခင်းပြီး ထောင်းထားသောအရောကို ဖြန့်ထည့်ပါ ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ပေါင်းထည့်ပါ ။
  4. ဒယ်အိုးပတ်လည်ကို ရေအနည်းငယ်လေး (ငရုတ်ဆုံကျင်းထားသောရေ) ပတ်ထည့်ကာ အဖုံးအုပ်ပြီး မီးအေးအေးမှာ ချက်ပါ ။
  5. ရေခမ်းပြီး ဆီသံကြားပြီဆိုမှ အဖုံးဖွင့်ပြီး ညင်သာစွာနှံ့အောင် မွှေပေးပါ ။ အနှစ်ကျပြီဆို အရသာနယ်ထားတဲ့ ငါးတွေထည့်ကာ နှံ့သွားအောင် နောက်တစ်ကြိမ် ထပ်မွှေပေးပါ ။
  6. အဖုံးအုပ်ထားပြီး ရေခမ်းဆီပြန်သည်အထိ ဆက်ချက်ပါ ။ (ဒီလိုအချိန်မှာလုံးဝမမွှေပေးရပါဘူး) ဆီပြန်လာလျှင် ရှမ်းနံနံ (သို့) ပင်စိမ်းရွက်အုပ်ပြီး ဒယ်အိုးကို စောင်းကာ လှည့်ကာဖြင့် အိုးကပ်သည်အထိ ချက်ပေး၍ သုံးဆောင်နိုင်ပါသည် ။။
Credit: ချက်မယ် စားမယ်

Review

User Rating

5 (1 Votes)