ပါဝင်ပစ္စည်းများ

ငါးပနော် ၁ ကောင်

ငပိရည်ကျို ကောင်းကောင်း ၅ ကျပ်သား

နနွင်းမှုန့် အနည်းငယ်

ငြုပ်သီးခြောက် အလှော်ထောင်း

ကြက်သွန်နီ အနေတော် ၁ လုံး

ဟင်းချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

ငါးပနော် ၁ ကောင် လောက်ကို မီးဖုတ်ပါ။

ငပိရည်ကျို ကောင်းကောင်း ၅ ကျပ်သားလောက်ကို နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ပွက်ပွက် ဆူအောင် ကျိုပါ။

ငြုပ်သီးခြောက် အလှော်တောင့်လေးကို ထောင်းပါ။

ကြက်သွန်နီ အနေတော် ၁ လုံး လောက်ကို ထောင်းပါ။

ဟင်းချိုမှုန့် အနည်းငယ် ထည့်ပြီး ရောသမ ဖျော်ထားသည့် ငပိရည် ၁ ခွက်ပါ။

Credit: Ko Thank