Recipes | အကြော် - Fried

ငါးဖမ်းမ ငါးပိကောင် အစပ်ကြော်

December 8, 2015

ငါးဖမ်းမ ငါးပိကောင် အစပ်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးဖမ်းမ
  • ဆီ
  • ကြက်သွန်ဖြူ
  • ငြုပ်သီးခြောက်

ပြုလုပ်ပုံ

  1. ငါးဖမ်းမ အကောင်သေးလေးများကို ၂ ပိုင်း ပိုင်းပြီး ရေစိမ်ထားပါ ။
  2. ငြုပ်သီးခြောက် ညှက်အောင်ထောင်းပြီး ညှက်လျှင် ကြက်သွန်ဖြူ ထည့်ထောင်းပါ ။
  3. ဆီကို ဒယ်အိုးထဲတွင် ပူအောင်တည်ပါ ။
  4. ဆီပူလာလျှင် ရေစိမ်ထားသော ငါးဖမ်းမများကို မီးအေးအေးဖြင့် ဟိုဖက် ဒီဖက် လှန်၍ ကြွတ်အောင်ကြော်ပါ ။
  5. ပြီးလျှင် အိုးနှုတ်ခမ်းနားကပ်ပြီး အလည် ဆီနေရာ ချဲကာ ထောင်းထားသည့် ငြုပ်ရုပ်သီးခြောက်နှင့် ကြက်သွန်ဖြူ ထည့်ကြော်ပါ ။
  6. အနံ့မွှေးလာလျှင် နံဘေးမှ ကြော်ပြီးသား ငါးဖမ်းမများ ထည့်ရောမွှေကာ မီးဖိုပေါ်မှ ချလို့ရပါပြီ ။
Credit: Pan Pan

Review

User Rating

0 (0 Votes)