Recipes | ငါး - Fish | ဟင်း - Curry

ငါးဖယ်ဟင်း

December 11, 2015

ငါးဖယ်ဟင်း

Share this on:

ပါဝင်ပစ္စည်း

  • ငါးဖယ် ၂၀သား
  • ခရမ်းချဉ်သီး ၁၀သား
  • ကြက်သွန်ဖြူ ၁ဥ
  • ကြက်သွန်နီ ၂ဥ
  • ငရုပ်သီးအရောင်တင်မှုန့် ၁ဇွန်း (လဖက်ရည်ဇွန်း)
  • ဆနွင်းမှုန့် အနည်းငယ်
  • ဂျင်း အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • ဆား အနည်းငယ်
  • ဆီ ၅ကျပ်သားခန့် (ဟင်းချက်ရန်)
  • ငရုတ်သီးစိမ်း ၅တောင့်
  • နံနံပင်

ပြုလုပ်ပုံ

  1. ဇလုံထဲတွင် ငါးဖယ်၊ ဆနွင်းမှုန့် ၊ ဆား၊ ဂျင်းအရည် တို့ကိုနှံ့အောင် ရောနယ်ပါ။
  2. လက်တွင် ဆီသုတ်ပြီး ငါးဖယ်ကို ၂လက်မခန့် အရှည်လိုက် ပုံစံလုပ်ထားပါ။
  3. ဒယ်အိုးထဲတွင် ဆီထည့်ရ်ျ ပူလာလျှင် ငါးဖယ်ထည့်ရ်ျ အပေါ်အရေခွံ တင်းရုံသာကြော်ပြီး ဆီအိုးထဲမှ ဆယ်ထားပါ။
  4. ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆနွင်းမှုန်တို့ကို ငါးဖယ်ကြော်ထားသည့် ဆီအနည်းငယ်ကို ယူရ်ျ ဆီသပ်ပါ။
  5. ဆီသပ်သည့် ကြက်သွန်များအရောင် ပြောင်းစပြုလျှင် သေးသေးလှီးထားသော ခရမ်းချဉ်သီးများကို ထည့်ရ်ျ လိပ်နေအောင် ဆီသပ်ပါ။
  6. ပြီးလျှင် အရောင်တင်မှုန့် အနည်းငယ်ကို အရင်ထည့်ပြီး ငံပြာရည်ထည့်ပါ။
  7. ခဏနေလျှင် ရေနွေးခွက်တဝက်ခန့် ထည့်ရ်ျ အနှစ်ဖြစ်လာသည်အထိ ချက်ပါ။
  8. ခရမ်းချဉ်သီး အကုန်ကြေရ်ျ အနှစ်ဖြစ်သွားလျှင် ငရုတ်သီးစိမ်းအတောင့်ကို တပြားရိုက်ထည့်ပြီး ကြော်ထားသည့် ငါးဖယ်ကိုထည့်ပါ။
  9. ပြီးလျှင် အပေါ့အငံ မြည်းရ်ျ နံနံပင်အုပ်ရ်ျ မီးဖိုပေါ်မှ ချလိုက်ပါ။
  10. စားရန်အဆင်သင့် ဖြစပါပြီ။
Credit: MF.WW

Photo Credit: Ko Ko Hnin Maung

Review

User Rating

0 (0 Votes)