Recipes | အသုပ် - Salad

ငါးဖယ် နှင့် ခရမ်းချဉ်သီး‬သုပ်

January 23, 2016

ငါးဖယ် နှင့် ခရမ်းချဉ်သီး‬သုပ်

Share this on:

ဒီနေ့ညနေတော့ တနေ့လုံး အင်းထဲသွားလည်ထားတာလည်း များနေတော့ အိမ်မှာ အဆင့်သင့်ကြော်ထားပြီးသားရှိနေတဲ့ ငါးဖယ်ကြော် နှင့် အင်းထဲရောက်တုန်း ပေးလိုက်တဲ့ ခရမ်းချဉ်သီးလတ်လတ်ဆတ်ဆတ်ကို သုပ်ပြီး ထမင်းပူပူလေးနဲ့ စားလိုက်တာ အလွန်ပင် စားလို့ကောင်းပါတယ် ။

ပါဝင်ပစ္စည်းများ

  • ငါးဖယ်ကြော်
  • ဗမာ ခရမ်းချဉ်သီး
  • ခါကြက်ဥ
  • ကြက်သွန်ဖြူဆီချက်
  • ဗမာနံနံ
  • သံပုရာရည်
  • ပုဇွန်ငံပြာရည်
  • ဆီ
  • ဆား
  • ငရုတ်သီးစိမ်း

ပြုလုပ်နည်း

  1. ငါးဖယ်ကို ပြားရ်ျ (သို့မဟုတ်) လက်မခန့်အရှည် လုံးရ်ျ ဆီများများ ထဲတွင် ထဲ့ကြော်ပါ။ ငါးဖယ်အရောင် ဝါသွားလျှင် ကျက်ရ်ျ ဆီအိုးမှ ဆယ်ပြီး အအေးခံပါ။
  2. ခါကြက်ဥ/ဥဝါကို ခြစ်ရ်ျ ရေစိမ် ထားပါ။
  3. မညက်တညက် ထောင်းထားသော ကြက်သွန်ဖြူကို ဆီချက် ချက်ပါ။
  4. အအေးခံထားသော ငါးဖယ်ကြော်ကို အရွယ်တော်လှီး ထားပါ။
  5. ဗမာ ခရမ်းချဉ်သီးကို အရှည်လိုက် မထူမပါးလှီးပါ။
  6. ပါဝင်ပစ္စည်းများ အားလုံး အစဉ်သင့် ဖြစ်ပါက ငါးဖယ်ကြော် ၊ ဗမာ ခရမ်းချဉ်သီး၊ ခါကြက်ဥ၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးစိမ်း၊ ဗမာနံနံ၊ သံပုရာရည်၊ ပုဇွန်ငံပြာရည်၊ အချိုငံထည့်ရ်ျ ချဉ်စပ်လေး သုပ်စားပါ။
Credit: Daw Suu Suu

Review

User Rating

0 (0 Votes)