ခေါက်ဆွဲ - Noodle Dishes | Recipes | ဟင်းရည် - Soups | အသုပ် - Salad

ငါးဖယ် ဟင်းချို နှင့် မုန့်တီသုပ်

February 6, 2016

ငါးဖယ် ဟင်းချို နှင့် မုန့်တီသုပ်

Share this on:

ပါဝင်ပစ္စည်းများ

  • မုန့်တီ
  • ငါးဖယ်
  • ဆားဂျင်း
  • ငံပြာရည် - သင့်ရုံ
  • နနွင်း - အနည်းငယ်
  • စပါးလင် အနည်းငယ် 
  • ကြက်သွန်ဖြူ 
  • နံနံပင်အမြစ်  
  • ပိတ်ဆွယ်  
  • တရုတ်နံနံ 

ပြုလုပ်နည်း

  1. ငါးဖယ် အရွယ်တော်လေးများကို သန့်စင်ကာ ဆား၊ ငံပြာရည် -သင့်ရုံ၊ နနွင်း - အနည်းငယ်၊ စပါးလင် အနည်းငယ်ဖြင့် ပြုတ်ပြီး အအေးခံ ထားပါ။
  2. ငါးလေးများကို ငရုပ်ဆုံမှာ ထည့်ထောင်းပြီး အရိုးလေးများ မပါအောင် ရေစစ် ယူထားပါ။
  3. စစ်ထားသော ငါးဟင်းရည်လေး ထဲသို့  ဂျင်း၊ ကြက်သွန်ဖြူ မညက်တညက် ထောင်းထည့်ပါ။
  4. နံနံပင် အမြစ်လေးများလည်း မညက်တညက် ထောင်းထည့်ပါ။
  5. ပိတ်ဆွယ်လေးများနှစ်သက်လျှင်ထည့်ပေးပါ။  အရသာ အပေါ့အငံ အတွက် ဆား၊ ငံပြာရည် လိုသလို ချိန်ဆ ထည့်ပါ။
  6. စိတ်ကြိုက် အနေရလျှင် တရုတ်နံနံလေးများ ခပ်ပြီးလျှင် မုန့်တီလေးနှင့် တွဲဖက်စားသုံးရန် အနံလေးမွှေးပြီး အရသာမှုန့်များ သုံးရန်မလိုတဲ့ ငါးဖယ်ဟင်းချို ပူပူလေးရပါပြီ။
Credit: Soe`s Cooking Collection

Review

User Rating

3 (4 Votes)