ပါဝင်ပစ္စည်းများ

  • ငါးပတ် – ၂၅ သား
  • ဂျင်းခပ်သေးသေး – ၁ တက်
  • ရှမ်းနံနံ၊ ငရုတ်သီးစိမ်းနှင့် ငရုတ်ပွခြောက် – အနည်းငယ်
  • စပါးလင် – ၁ ချောင်း
  • ငရုတ်ပွခြောက် – များများ

  • ကြက်သွန်နီဥသေး – ၅ လုံးနှင့် ကြက်သွန်ဖြူ – ၁ ဥ
  • မန်ကျည်းသီးမှည့်
  • ယိုးဒယား ငံပြာရည်
  • ဆီနှင့်ဆား

ပြင်ဆင်ပြုလုပ်နည်း

၁။ ငရုတ်ပွခြောက်များကို အစေ့ထုတ်ပြီး ရေစိမ်ထားပါ။ ငါးဘတ်များကို မန်ကျည်းသီးမှည့်ဖြင့် နယ်ပြီး အချွဲများပြောင်အောင် ရေဖြင့် အထပ်ထပ်ဆေးပါ။

ဆေးကြောပြီးသော ငါးများကို အနေတော် အတုံးလေးတွေ တုံးပြီး ဆား၊ နနွင်းမှုန့် များဖြင့် နယ်ပါ။ ဂျင်း၊ စပါးလင်များကို ညက်အောင် ထောင်းပြီး ငါးများပေါ် ညှစ်ချပါ၊ ထပ်နယ်ပါ။

ငါးများနှပ်ထားစဉ် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းအနည်းငယ် နှင့် ရေစိမ်ထားသော ငရုတ်ပွများများကို ကြေညက်သည်အထိ ထောင်းထားပါ။ငါးများကို ရေအနည်းငယ်သာ ထည့်ပြီး ဆူပွက်အောင် တည်ပါ။ ၂ မိနစ်ခန့် တည်ပြီး ငါးပတ်များကို ဆည်ယူပါ။

ငါးပြုတ်ရည်က ထပ်မံ အသုံးပြုမှာ ဖြစ်လို့ မသွန်ပစ်ပါနဲ့။ ပြုတ်ထားတဲ့ ငါးပတ်များကို အသားနွှာပေးပါ။ တစ်ချိန်တည်းမှာပဲ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ အရောထောင်းကို ဆီသတ်ပါ။

ကြက်သွန်ဖတ်များ နွမ်းလာလျှင် ယိုးဒယား ငံပြာရည်၊ ဆား စသည်များ ထည့်ပါ။ကျန်နေသေးတဲ့ စပါးလင်အရိုး အနည်းငယ်ကို ဓါးပြားရိုက်ပြီး ထည့်ပါ။

အနံ့များ မွှေးပျံ့လာလျှင် ငါးအသားများ ထည့်ပြီး အနည်းငယ် ခြောက်သည်အထိ မီးအေးအေးနဲ့ မွှေပေးပါ။ ငါးအသားများ အနေတော် ရလာလျှင် မီးမိတ်ပြီး ငရုတ်သီးစိမ်း ရှမ်းနံနံများထည့်ကာ အဖုံးအုပ်ထားပေးပါ။

အရသာရှိပြီး မွှေးပျံတဲ့ ငါးဘတ်မွှေချက် ရပါပြီ။ ငါးဘတ်မွှေ ချက်ရင် ခပ်စပ်စပ်လေး ချက်တာ စားလို့ ပိုကောင်းပါတယ်။ ငါးဘတ်မွှေချက်ကို ဗူးသီးဟင်းခါး၊ ခရမ်းချဉ်သီးထောင်း၊ ဂေါ်ရခါးသီး ကြက်ဥမွှေကြော် စတာတွေနဲ့ တွဲဖက်စားသုံးပါက အင်မတန် စားမြိန်ပါတယ်နော်။

Credit: Warr Tee