ပါဝင်ပစ္စည်းများ

  • ငါးရံ အရွယ်တော် – ၁ ကောင်
  • ရေကျို ငပိ
  • ငရုပ်သီးစိမ်း
  • ဆီ – ၂ ဟင်းစားဇွန်း
  • ကြက်သွန်ဖြူ – အနည်းငယ်
  • စပါးလင် နုတဲ့အပိုင်း – ၁ခု
  • နနွင်း
  • ငပိရည်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးရံ အရွယ်တော် ၁ ကောင်(ကြေးထိုး သန့်စင်ပြီး စပါးလင် အနည်းငယ်၊ နနွင်း၊ ဆားအနည်းငယ်ဖြင့် ရေခမ်းလေးပြုတ်ကာ အရိုးများနွှင်ထားပါ။)
  2. ရေကျို ငပိ ၃ ဟင်းစားဇွန်း (ကျိုပြီးအရိုးများစစ်ထားပါ) ငရုပ်သီးစိမ်း အစပ်စားနိုင်သလောက် (ထောင်းထားပါ။) ကြက်သွန်ဖြူ အနည်းငယ် စပါးလင် နုတဲ့အပိုင်း ၁ခု (ထောင်းထားပါ)
  3. ကြက်သွန်ဖြူ နှင့် စပါးလင်ထောင်းများကို မွှေးလာအောင် ဆီသက်ပြီး နနွင်းထည့် ၊ ငါးရံ့ အသားနွှင် ထားသည်များ ထည့်ထောင်း ထားသော ငရုပ်သီးများ ထည့်၊ ငပိရည်ထည့် (ငံတာကြိုက်လျှငိ ပိုထည့်ပါ။)
  4. စိတ်ကြိုက် အနေရလျှင် ထမင်းအရမ်းမြိန်လှတဲ့ ငါးရံ့ ငရုပ်သီးစိမ်း ငပိရည်ချက်လေး တစ်ခွက်ကို နှစ်သက်ရာ တို့စရာလေးများဖြင့် တွဲဖက် စားသုံးနိုင်ပါပြီ။

Credit: Soe’s Cooking Collection