Recipes | ငါး - Fish | ဟင်း - Curry | အသီး - Fruits

ငါးရံ့ နှင့် ကြက်ပေါင်သီး ဆီပြန်

December 13, 2015

ငါးရံ့ နှင့် ကြက်ပေါင်သီး ဆီပြန်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးရံ့ အနေတော်
  • ကြက်ပေါင်သီး အသင့်အတင့်
  • ခရမ်းချဉ်သီး
  • ငရုတ်သီးစိမ်း
  • မျှင်ငါးပိ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုပ်သီးထောင်းပြီးသားအမှုန့်
  • နနွင်းမှုန့်
  • ဆီ
  • ဆား
  • နံနံပင်

ပြုလုပ်ပုံ

  1. ငါးရံ့ အနေတော် တစ်ကောင်ကို ဆေးကြောသန့်စင်ပြီး အနေတော် အတုံးလေးများ ပိုင်းဖြတ်ပြီး ဆား၊ နနွင်းမှုန့် တိုဖြင့်နယ်ထားပါ။
  2. ကြက်ပေါင်သီးကိုလည်း သင့်တော်သလောက်၂ခြမ်း ထုခွဲပြီး အထဲကအမျှင်များကို ဖယ်ကာ ဆေးကြော သန့်စင်ထားပါ။
  3. ခရမ်းချဉ်သီးကို အနေတော်လေးများ စိပ်ထားပါ။
  4. နံနံပင် ကိုစင်ကြယ်စွာ ရေဆေးထားပါ၊ ငရုပ်သီး ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် မျှင်ငါးပိတို့ကို ရောထောင်းပါ။
  5. ပထမဦးစွာ ဒယ်အိုးကို မီးအေးအေးပေါ်တင်ပြီး ဒယ်အိုပူလာတာနှင့် ဆီကို သင့်တော်သလောက် လောင်းထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ငရုပ်သီးအနှစ်များကို ဆီပူပူထဲ ထည့်ပြီး မွှေပေးပါ။
  6. ကြက်သွန်များ နွမ်းလာပါက ခရမ်းချဉ်သီးများကို ရောထည့်မွှေပြီး ငါးအတုံးလေးများကိုပါထည့် ၍ ငါးအကြောလေးများ တင်းလာပါက ဆုံဆေးရည်အပါအဝင် ငါးအတုံးလေးများ မြုပ်အောင် ရေထည့်ပြီးတည်ထားပါ။
  7. ရေဆူလာပါက ကြက်ပေါင်သီးထည့်ပါ။
  8. ရေခန်းလို့ ဆီပြန်ကာနီး အရသာမြည်းကြည့်ပါ။ အချဉ်၊ အပေါ့ အငံမြည်းရ်ျ ငရုတ်သီးစိမ်း၊ နံနံပင်ကို အုပ်၍ အသင့်စားသုံးနိုင်ပါသည်။ (အချဉ်ပေါ့နေသေးရင်မန်ကျည်းရည် ထည့်နိုင်ပါတယ်။)

Review

User Rating

5 (1 Votes)