Recipes | ဟင်း - Curry | အသီး - Fruits | အခြောက်အခြမ်းများ - Dried Foodstuffs

ငါးရံ့ခြောက် ခရမ်းချဉ်သီးချက်

March 7, 2016

ငါးရံ့ခြောက် ခရမ်းချဉ်သီးချက်

Share this on:

လိုအပ်သောပစ္စည်းများ

  • ငါးရံ့ခြောက် - ၂ ကောင်
  • ခရမ်းချဉ်သီး အမှည့် - ၄ လုံး
  • ကြက်သွန်နီ - ၂ ဥ
  • ကြက်သွန်ဖြူ - ၁ဥ
  • ငရုတ်သီးစိမ်း အတောင့်ရှည် - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

  1. ငါးရံ့ခြောက်များကို အတုံးသေးများ ခုတ်ပြီး ရေဆေးပါ ။
  2. ရေဆေး ထားတဲ့ ငါးရံ့ခြောက်များကို ရေနွေး ပူပူဖြင့် ၂ ကြိမ်တိုင် ထပ်မံ ဆေးပေးပြီး ရေစစ်ထားပါ ။
  3. ခရမ်ချဉ်သီးများကို ခပ်ပါးပါး လှီးပြီး ဆီ အနည်းငယ်ဖြင့် ကြေအောင် အသားများ ကြေအောင် ချက်ထားပါ ။
  4. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ကို အရောင်တင်မှုန့် အနည်းငယ်ဖြင့် ညက်အောင် ထောင်းပါ ။
  5. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ အနှစ်များကို ဆီပူပူဖြင့် ခြောက်ပြီး မွှေးပျံ့လာသည် အထိ ဆီသတ်ပါ ။
  6. ကြက်သွန်နှစ်များ ခြောက်လျှင် ရေစစ်ထားတဲ့ ငါးရံ့ခြောက်များ ထည့်ပါ ။
  7. ဆား ၊ ယိုးဒယား ငံပြာရည်များ ထည့်ကာ အသားထဲ အရသာများ ဝင်အောင် သမပေးပါ ။
  8. ငံပြာရည်နံ့ ၊ ငါးခြောက်နံ့များ ပျောက်လျှင် ချက်ထားတဲ့ ခရမ်းချဉ်သီး အနှစ်များ ထည့်ပါ ။
  9. ရေနွေး အနည်းငယ် ထည့်ကာ အဖုံးပိတ် ထားပြီး ဆီပြန်လာသည် အထိ ချက်ပေးပါ ။
  10. အိုးချခါနီးတွင် ငရုတ်သီးစိမ်းတောင့်များကို ခပ်ရှည်ရှည်ဖြတ်ပြီး ထည့်ကာ မွှေပေးကာ ခေတ္တ မျှထားပြီး စားလို့ ရပါပြီ ။
  11. ငါးရံ့ခြောက်ကို ရေနွေးပူပူနဲ့ ဆေးခြင်းဖြင့် ငါးခြောက်မှာ ပါလာနိုင်တဲ့ မမြင်ရတဲ့ မှိုများ ပိုးမွှားများကို သေစေတဲ့ အပြင် ငါးခြောက် ညှီနံ့ပါ ပျောက်စေပါတယ် ။
Credit: Warr Tee

Review

User Rating

0 (0 Votes)