သောက်ဆမ်း - Soup Curry | Recipes

ငါးရံ့ ဗူးသီးချဉ်ရည်

January 1, 2016

ငါးရံ့ ဗူးသီးချဉ်ရည်

Share this on:

ပါဝင်ပစ္စည်းများ

  • ငါးရံ့ ၄၀သားခန့်
  • ဗူးသီး တစ်စိတ်ခန့်
  • ခရမ်းချဉ်သီး၂၀သားခန့်
  • ခရမ်းချဉ်သီး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဟင်းခတ်မှူန့်
  • ငရုပ်ပုသီး
  • ငရုပ်သီး
  • ငါးငံပြာရည်
  • ဆား
  • နနွင်း
  • နံနံပင်

ပြုလုပ်နည်း

  1. ငါးရံ့ ၄၀သားခန့် တစ်ကောင်ကို ဆေးကြော သန့်စင်ပြီး အနေတော် တုံးပြီး ဆား၊ နနွင်း၊ ဟင်းခတ်မှူန့် တို့ဖြင့် နယ်ထားပါ။
  2. ခရမ်းချဉ်သီး ၂၀သားခန့် ခပ်ပါးပါး လှီးထားပါ။
  3. ငရုပ်ပုသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ညှက်အောင် ရောထောင်း ထားပါ။
  4. ဗူးသီး တစ်စိတ်ခန့် အနေတော် လှီးဖြတ်ထားပါ။
  5. ဒယ်အိုးထဲ ဆီထည့်ကာ ထောင်းထားသော ရေုပ်သီးများကို ဆီသတ်ပါ။
  6. ပြီးလျှင် ခရမ်းချဉ်သီး ထည့်ကြော်ကာ ခရမ်းချဉ်သီး နွမ်းပါက ငါးနဲ့ ဗူးသီးထည့်ပါ။
  7. ဆုံဆေးရည်နဲ့ ရေကျက်အေး အနည်းငယ် ငါးငံပြာရည် ထည့်ပြီး ငါးကျက်ပြီး ဗူးသီးနူးတဲ့ထိ ထားကာ နံနံပင်နဲ့ ငရုပ်သီးစိမ်း အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။
Credit: Thida Lay Lay

Review

User Rating

1 (1 Votes)