ငါး - Fish | အကြော် - Fried

ငါးသလဲထိုး အိုးကပ်

April 25, 2016

ငါးသလဲထိုး အိုးကပ်

Share this on:

ကျန်းမာရေးအတွက် သင့်တော်သလို အရသာလည်း အလွန်ကောင်းတဲ့ ငါးသလဲထိုးအိုးကပ်

ပါဝင်ပစ္စည်းများ

  • ငါးသလဲထိုး
  • မကျည်းသီးနှစ်
  • အရသာမှုန့်
  • ငံပြာရည်
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီ
  • ကြက်သွန်းဖြူ /နီ
  • ဂျင်း
  • ရှမ်းနံနံ (သို့) မြန်မာနံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးလေးတွေကို မကျီးနှစ်နဲ့ ကြမ်းသွားအောင် ဆေးကြောပါ ။ တချို့ကတော့ ခေါင်းလေးတွေကို ဖြတ်ထုတ်ပါတယ် ။ အခုတော့ မလုပ်ပါဘူး ။ နုညံ့လို့ အားလုံးဝါးစားလို့ ရပါတယ် ။
  2. သန့်စင်ပြီးရင်တော့ အရသာမှုန့် ၊ ငံပြာရည် ၊ ဆားအနည်းငယ် ၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် အရသာသွင်းထားပေးပါ ။
  3. ချက်မယ်ဆိုရင်တော့ Non-Stick အိုး (ဒါမှမဟုတ်) ရိုးရိုးဒယ်အိုးနဲ့ဆို အိုးပူမှ ဆီထည့်ပေးပါ ။ ဒါမှ အိုးမကပ်မှာပါ ။
  4. ဆီပြန်ဟင်းမဟုတ်လို့ ဆီအနည်းငယ်မှာပဲ ကြက်သွန်ဖြူ /နီ ၊ ဂျင်းများများလေး ဆီသတ်ပေးပါ ။ ခြောက်ပြီးမွှေးလာရင် ငါးထည့်လုံးပေးပြီး ငါးများကို အိုးထဲဖြန့်ထားပြီး မီးအေးအေးဖြင့် ခြောက်နေအောင် ချက်ပေးရပါမယ် ။
  5. တဖက်ပြီး နောက်တစ်ဖက်ကို ဖြည်းဖြည်းလှန်ပေးရင်း မွှေးကြိုင်ပြီး ဆီပြန်ရင် ရပါပြီ ။ ကြိုက်တတ်ရင် တချို့က ရှမ်းနံနံ (သို့) မြန်မာနံနံပင် ထည့်ပါတယ် ။ စားချင်စဖွယ် ဟင်းကောင်းတစ်ခွက် ရပါပြီ ။
Credit: ၀ါသနာအိုး

Review

User Rating

5 (1 Votes)