ငါး - Fish | အပေါင်း - Steamed

ငါးသလောက်ပေါင်း

August 28, 2016

ငါးသလောက်ပေါင်း

Share this on:

ငါးသလောက်ကို စပါးလင် မပါဘဲနဲ့ ရှလကာရည်နဲ့ ပဲငံပြာရည် အပြစ်/ အကြည်သုံးပြီး ချက်ထားတဲ့ ငါးသလောက်ပေါင်းပါ ။  စားလို့ ကောင်းပါတယ် ။ လုပ်စားကြည့်ပါ ။

14101901_10154748012588132_845218347_n

ပြုလုပ်နည်း

  • ငါးသလောက် - ၂ ကောင် ( ၁ပိသာ)
  • ကြက်သွန်နီ - ၃ လုံး (လေးစိပ် စိပ်ထားပါ)
  • ပဲငံပြာရည်အကြည် - ၄ ဇွန်း (ထမင်းစားဇွန်း)
  • ပဲငံပြာရည်အပြစ် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ရှလကာရည် - ၆ဇွန်း (ထမင်းစားဇွန်း)
  • ဆား - အနည်းငယ်
  • အချိုမှုန့် - အနည်းငယ်
  • ရေ - ၄ လီတာ

ပါဝင်ပစ္စည်းများ

  1. ငါးသလောက်ကို အကြီးခွံထိုး ၊ အူအသည်း အညစ်အကြေးထုတ် ၊ ၂ပိုင်းပိုင်းပြီး ရေဆေးပြီး ရေစစ်ထားပါ ။
  2. ပေါင်းအိုးထဲတွင် ပိုင်းထားသော ငါးသလောက်ကို ဆား ၊ အချိုမှုန့် ၊ ရှလကာရည် ၊ ပဲငံပြာရည် အကြည် နဲ့ အပြစ် ၊ ကြက်သွန်နီကို ရောနယ်ပါ ။
  3. ပြီးလျင် ရေ ၄ လီတာခန့် ထည့်ပြီး ၃ နာရီခွဲခန့် တည်ပါ ။
  4. အရည်ခမ်းရ်ျ အရိုးနူးပြီး အရသာနှင့် ပြည့်စုံသည့် ငါးသလောက်ပေါင်းကို သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

3.5 (10 Votes)