မင်္ဂလာပါ။ ငါးပေါတဲ့မိုးရာသီမှာ စားရတာအရသာရှိတဲ့ ငါးသလောက်ကို ထူးထူးဆန်းဆန်းလေးဖြစ်အောင် စိမ်းကောလေးလုပ်စားကြရအောင်။ ကြားရတာ တမျိုးဖြစ်ပေမယ့်လည်း တကယ်စားကြည့်ရင် အလွန်အရသာရှိတာကို တွေ့ရမှာနော်။

ပါဝင်ပစ္စည်းများ

  • ငါးသလောက်
  • ပအုန်းရည်
  • ရှောက်ရွက်
  • ငရုတ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဆား
  • အချိုမှုန့်

ပြုလုပ်နည်း

  1. ငါးသလောက်ကို အသားလွှာ ပါးပါးလှီးပြီး ပန်းကန်ပြားထဲထည့်ကာ ပအုန်းရည်ဖြင့် စိမ်ထားပါ။ ပအုန်းရည် မကြိုက်လျှင် ရှာလကာရည် (သို့) ရှောက်ရည် (သို့) သံပုရာရည် စသည့် နှစ်သက်ရာအချဉ်ရည် နဲ့စိမ်လို့ ရပါတယ်။
  2. ငါးအသားများ ကျက်သည့်အချိန် ၁ နာရီ (သို့) ၂ နာရီလောက်ဆို ငါးအသားများကျက်ပါပြီ။
  3. ပြီးလျှင် ဆား ၊ အချိုမှုန့် ၊ ရှောက်ရွက်များများ၊ ငရုတ်သီးစိမ်းများများ ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့နဲ့ သုပ်စားလို့ရပါပြီ။
  4. အရည်ကြိုက်ရင်တော့ အရည်ထည့်သုပ်ပါ။ မကြိုက်လျှင် အရည်များကို ညှစ်ထုတ်ပြီး သုပ်လို့ရပါတယ်။
  5. ကြိုက်ရင်တော့ ဒီစိမ်းကောက စားလို့ အလွန်ကောင်းပြီး ထမင်းမြိန်တဲ့ ဟင်းတခွက်ပါရှင်။ ပုဇွန်ကိုလည်း ယခု လုပ်နည်း အတိုင်း လုပ်စားလို့ရပါတယ်။

Credit: Khin Aye Hela