ငါးသလောက် မုန့်ဟင်းခါး

Share this on:

ပါဝင်ပစ္စည်းများ – ချက်ပြုတ်နည်း

  1. ငါးသလောက်   –  ၆၀ သား
  2. ဆနွင်း   –   ၁ ဇွန်း (လဖက်ရည်ဇွန်း)
  3. ကြက်သွန်ဖြူ   –  အမွှာကြီး ၂ မွှာ ထောင်း
  4. ဂျင်း   –  အတက်ကြီး ၃ တက်ကို နာနာထု
  5. စပလင် –  ၃ ချောင်း ကိုထု
  6. ဆား   –  ၂ ဇွန်း
  • အထက်ပါ ပစ္စည်း အားလုံး (၁ မှ ၆ အထိ)  Pressure Cooker ပေါင်းအိုးတွင် ထည့် ၊ ရေကို ငါး မြုပ်ယုံသာ ထဲ့၍ ၄၅မိနစ်ခန့် မီးအေးအေးနဲ့ အရိုးနူးသည် အထိ တည်ထားပါ ။  အရိုးနူးလျှင် ကြေအောင် ငါးကိုခြေလိုက်ပါ ။

ငါးသလောက် မုန့်ဟင်းခါး. 2016-04-05 at 12.46.56 pm

  1. ကြက်သွန်ဖြူ   –  အမွှာကြီး  ၅ လုံးကိုထောင်း
  2. ကြက်သွန်နီ   –  ၅ လုံး ကို ပါးပါးလှီး
  3. ဂျင်း  –  ၁ တက် ခန့်ကိုထောင်း
  4. ဆား၊
  5. ဆနွင်း
  6. ငရုတ်သီးမှုန့်   –  သင့်ရုံ
  7. ခြေထားသည့် ငါး
  8. ဆီ   –  ၅ိသား
  9. ဆန်မှုန့်   –  ၅ိသား
  10. ရေ ၂ လီတာ
  11. မျှင်ငပိ  –  ၂ ဇွန်းသေး

 

  • အထက်ပါ ပစ္စည်း အားလုံး (၁ မှ ၆ အထိ) ဟင်းရည် တည်မည့် အိုးထဲတွင် ဆီ ၅ိသား ထဲ့၍ ငါးကို ဆီသပ်ပါ ။
  • ပြီးလျှင် အိုးထဲမှ ကျန်ငါးပြုတ်ရည် ၊ ရေ ၂ လီတာ ၊ ဆန်မှုန့် ၅ိသား (ရေအေးနှင့် ဖျော်ပါ) တို့ကို ပေါင်းထည့်ပြီး ဆူအောင်တည်ပါ ။
  • အခြား အိုးသေး တလုံး ထဲတွင် မျှင်ငပိ၂ ဇွန်းနှင့်  ရေကို မီးအေးအေးနဲ့ ဆူအောင်တည်ပါ ။
  • မျှင်ငပိရည် ဆူသည့် အခါ ငါးပြုတ်ရည်အိုးထဲ ပေါင်းထဲ့၍ မီးအေးအေးနှင့် တည်ပြီး ဆူလာလျှင်ငှက်ပျောအူ၊ ကြက်သွန်နီဥသေး ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခန့်ကို ဖြူးပြီး အဖုံးအုပ်၍ မီးဖိုပေါ်မှ ချလိုက်ပါ ။   အပေါ့ အငံမြီး၍ ကို သုံးဆောင်နိုင်ပါပြီ ။  (ငံပြာရည် လုံးဝ မသုံးရပါ )
  • ကြက်ဥပြုပ် ၊ အကြော်စုံ ၊ ပဲသီး ၊ ငါးဖယ်ကြော် ၊ ငါးသလောက်ဥကြော် ၊ ကြက်သွန်ဖြူ/နီဆီချက် ၊  ငရုတ်သီးမှုန့် ၊ နံနံပင် တို့ကို မုန့်ဖတ်ပေါ်တင်၍ သုံးဆောင်နိုင်ပါသည် ။

My Food Myanmar

Review

User Rating

5 (1 Votes)