ငါး - Fish | အပေါင်း - Steamed

ငါး သံပုရာပေါင်း (ရှူးရှဲ)

April 2, 2016

ငါး သံပုရာပေါင်း (ရှူးရှဲ)

Share this on:

ငါး သံပုရာပေါင်း (ရှူးရှဲ)

ငါး သံပုရာပေါင်း (ရှူးရှဲ)

ပါဝင်ပစ္စည်းများ

  • ကတ်ကတစ်  -  ၃၀သား
  • ဟင်းခတ်မှုန့်
  • ငံပြာရည်
  • ဆား
  • စပါးလင် - ၃ ချောင်း ၊ ၁ ပိုင်း
  • ကြက်သွန်ဖြူ - ၄ မွှာ
  • ငရုတ်စိမ်း - ၅ တောင့်
  • ဆား - ၁ ဇွန်း  (လက်ဖက်ရည်ဇွန်း)
  • သကြား - ၁ ဇွန်း
  • မန်မာ ငါးငံပြာရည် - ၂ ဇွန်း (ထမင်းစားဇွန်း )
  • ပူဒီနံ - ၁၀ ရွက်
  • နံနံပင်
  • သံပုရာသီး

ချက်နည်း

  1. ကတ်ကတစ် ၃၀သား အနေတော် ကောင်ကို အကြေးခွံခွာရေစင်အောင်ဆေး ဆားနဲ့ဆေးပါ ။  ဗိုက်သားကို ခွဲပါ ။  အမြှီး အစွန် နဲ့ အတောင်ကို ညှပ်ထုတ်ပါ ။ (တခြား အသားများ ငါးများ သုံးလည်း ကောင်းပါတယ် ။  ကတ်ကတစ် ကတော့  အနံ့ကောင်းရ်ျ အသားချိုပြီး အသားလည်း များတယ် ။)
  2. ငါးကို ဆား ၊ ဟင်းခတ်မှုန့် ၊ ငံပြာရည် တို့နဲ့ ၁၀မိနစ် နှပ်ထားပါ ။
  3. စပါးလင် တစ်ချောင်းကို ထု ၃ပိုင်းဖြတ် ငါးဗိုက် နေရာမှာ ၂ချောင်းထည့် ၊ ပါးဟပ်မှာ ၁ချောင်း ထည့်ပါ ။
  4. စပါးလင် ၁ ပိုင်း ၊ ကြက်သွန်ဖြူ ၄ မွှာ ၊ ငရုတ်စိမ်း ၅ တောင့် ကို ညှက်အောင်ထောင်း ထောင်းထားတဲ့ အားလုံးကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သကြား ၁ ဇွန်း ၊ မြန်မာ ငါးငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း ၊  ပူဒီနံ ၁၀ရွက် ၊ နံနံပင် ပါးပါးလှီး ထားတာတို့ကိ ရေကျက်အေး နည်းနည်းနဲ့ ဖျော်၊ အပေါ့ငန် မြည်းပြီး လိုတိုး ပိုလျော့ လုပ်ပါ ။

ငါးပေါင်းရန်

1. ဒယ်အိုးမှာ တူ (သို့)သစ်သားယောင်းမ နှစ်ခုကို ငါးပန်းကန် တင်လို့ ရအောင် ထားပါ ။
2. ဒယ်အိုးထဲ ရေထည့်ကာ ငါးကို ၁၅မိနစ်သာ ပေါင်းပါ ။  အဖုံးပိတ် ထားရပါမယ် ။  (ငါးမှ အရည်ထွက် ပါလိမ့်မယ်။)
3. ပြီးရင် ဖျော်ထားတဲ့ အားလုံးကို ငါး၏ အပေါ်မှာ ဖြန့်ထည့် (အဖုံးပြန်အုပ်၊ ၅မိနစ်ထား) ကျက်ပါပြီ ။
4. စားကာနီး ငါးပန်းကန် ပူပူထဲကို သံပုရာသီး ညှစ်ထည့်ပြီး နံနံပင် အစိမ်းနံ့ သင်းချင်ရင် နံနံပင် နည်းနည်း ထပ်ထည့်ပါ။အခြားသော ငါးသံပုရာ ပေါင်းနည်းတွေလည်း ရှိပါတယ် ။ ဒီနည်းက လွယ်ပြီး စားရ ကောင်းလို့ မျှဝေတာပါ။

Credit: Blessing YynRichard
Photo Credit: Original

Review

User Rating

3.2 (13 Votes)