Recipes | ငါး - Fish | အပေါင်း - Steamed

ငါးသံပုရာပေါင်း – Plah Kapong Neung Manao

March 8, 2016

ငါးသံပုရာပေါင်း – Plah Kapong Neung Manao

Share this on:

ဆောင်းရာသီ ညချမ်း အေးအေးလေးမှာ စားလို့ကောင်းမယ့် ငါးသံပုရာ ချဉ်စပ်လေးကို ချက်ပြမှာပါ ။ ချဉ်ငံစပ် အရသာရှိပြီး
ပူပူနွေးနွေး စားရတာဖြစ်လို့ နလံထ လူနာများလည်း ဒီဟင်းလေးစားပြီး စားချင်သောက်ချင်စိတ်တွေ ပြန်ဖြစ်လာမှာပါ ။ ဒီဟင်းလေးက ယိုးဒယားစတိုလ် ငါးသံပုရာ ပေါင်းနည်းကို မှီးငြမ်း ထားပါတယ် ။

လိုအပ်သောပစ္စည်းများ

  • ကက်ကတစ် - ၁ ကောင်
  • ကြက်သွန်ဖြူ - ၂ ဥ
  • ငရုတ်သီးစိမ်း - ခပ်များများ
  • နံနံပင် - ခပ်များများ
  • ဖက်ဖယ်ရွက် - လက်တစ်ဆုပ်ခန့် (မထည့်လည်းရပါတယ်)
  • ကြက်သားပြုတ်ရည် (မရှိလျှင် ရိုးရိုရေအေးသုံးပါ)
  • စပါးလင် - ၁ ချောင်း
  • သံပုရာသီး - ၂ လုံး
  • ဂျင်း - ၁ တက်

ပြင်ဆင်ချက်ပြုတ်နည်း

  1. ကက်ကတစ်ငါးကို အကြေးခွံ ပြောင်အောင်ထိုး ဗိုက်ခွဲ ကလီစာထုတ် ရေးဆေးကြောပြီး ဆား ၊ ယိုးဒယားငံပြာရည် တို့ဖြယ့် နယ်ပြီး ၁၀မိနစ်ခန့် နှပ်ထားပေးပါ ။ - -
  2. ဂျင်းကို အချောင်းငယ်လေးများ လှီးဖြတ်ပြီး ငါးထဲထည့် နယ်ပါ ။
  3. ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းများကို ညက်အောင် ထောင်းထားပါ ။
  4. နံနံပင် ဖက်ဖယ်ရွက်များကို ပါးပါး လှီးထားပါ ။
  5. ငါးပေါင်းမယ့် အိုးထဲကို ကြက်ပြုတ်များ မိမိလိုချင်သလောက်ထည့်ကာ အပူပေးပါ ။
  6. အရည် ပူလာလျှင် ကက်ကတစ်ငါးကို ၁၀ မိနစ်ခန့် ထည့်ပေါင်းပါ ။
  7. ငါးပေါင်းရလျှင် ပန်းကန်ထဲကို ပြောင်းထည့်ပါ ။
  8. ကျန်ရှိနေတဲ့ ငါးပေါင်း အရည်များကို ဆူပွက်သည် အထိ ထပ်မံ တည်ပြီး ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်းများ နှင့် သံပုရာရည်များထည့်ပါ ။
  9. ယိုးဒယားငံပြာရည် ၊ သကြား စသည်များ မိမိ စိတ်ကြိုက် ငါးပေါင်းရည်ထဲ ထည့်ပါ ။
  10. ပေါင်းထားတဲ့ ငါးပေါ်မှာ နံနံပင် ဖက်ဖယ်ရွက် လှီးဖြတ်ထားသည်များ တင်ထားပေးပါ ။
  11. ငါးပေါင်းရည်များ ဆူပွက်ပြီး ရနံများ မွှေးပျံလာလျှင် ငါးပေါင်းပေါ်ကို အရည်များ လောင်းချပေးပါ ။
အရသာ ရှိလှတဲ့ ငါးပေါင်း သံပုရာကို စားလို့ရပါပြီ ။ အရည်သောက် ရတာကြိုက်လို့ အရည်များများ ချက်ပြီး ငါးအပေါ် ဆမ်းဆမ်းပြီး စားပါတယ် ။ ကြက်ပြုတ်ရည် မရှိလည်း ရေနွေးသုံး လို့ရပါတယ် ။

Credit: Warr Tee

Review

User Rating

3 (8 Votes)