ငါး - Fish | အပေါင်း - Steamed

ငါးအသားလွှာပေါင်း

April 18, 2016

ငါးအသားလွှာပေါင်း

Share this on:

ငါး အသားလွှာပေါင်းက ရိုးရှင်းတဲ့ပုံစံပါ ။ ငှက်ပျောဖက်နဲ့ အထုပ်လေးတွေ ထုပ်ပြီး ပေါင်းတာကို ငါးပေါင်းထုပ်လို့ ခေါ်နိုင်ပေမယ့် ပုံစံလေးတွေ အနည်းငယ် ကွာခြားသွားတာနဲ့ အမည်လည်း ပြောင်းလဲသွားပါတယ် ။ ငါးတန် ငါးလို အသားမျိုးကို သုံးမယ်ဆိုရင်တော့ အရေခွံဖယ်ထုတ်ဖို့ လိုပေမယ့် ကကတစ် ၊ ငါးပါးနီတို့လို အသားလွှာတွေကိုတော့ အရေခွံ ဖယ်ထုတ်စရာ မလိုပါဘူး ။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ (၅၀) သား
  • ကြက်သွန်ဖြူ ၁၅ တက်
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • ရှမ်းနံနံ ၂ စည်း
  • နံနံပင် ၁ စည်း
  • မြန်မာပင်စိမ်း ၁စည်း
  • ငရုတ်ကောင်းမှုန် အနည်းငယ်
  • ဆီ ၃ ဇွန်း ( ထမင်းစားဇွန်း)
  • သံပုရာသီး ၂ လုံး

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးအသားလွှာတွေကို ရေဆေး ၊ စစ်ပြီးရင် ဆား ၊ ငရုတ်ကောင်းမှုန့် ၊ သံပုရာသီး (၁) လုံးကို အရည်ညှစ်ပြီး (၁၀) မိနစ်ခန့် နှပ်ထားပါ ။
  2. ထိုစဉ်အတွင်း ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ခပ်နုပ်နုပ်စင်းပါ ။
  3. နံနံပင် ၊ ရှမ်းနံနံ ၊ ပင်စိမ်းတို့ကိုလည်း ပါးပါးလှီးပါ ။
  4. ဇလုံတစ်ခုအတွင်းမှာ ငါး ၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ပါးပါးလှီးထားသော ပာင်းခတ်အမွှေးအကြိုင်တို့ကို ဆီ ၊ လက်ကျန် သံပုရာသီးတို့ဖြင့် သမသွားအောင် ခပ်ဖွဖွနယ်ပါ ။
  5. ငှက်ပျောဖက် ခင်းထားသော အိုးတစ်လုံးမှာ ထည့်ပြီး အပေါ်ယံကနေ ငှက်ပျောဖက် လုံအောင်ထပ်ပြီး အုပ်ထားပါ ။
  6. အဖုံးကို လုံခြုံစွာပိတ်ပြီး အလေးချိန်ရှိသော အရာတစ်ခု တင်ထားပါ ။
  7. အနည်းဆုံး မီးအပူချိန်မှာ မိနစ် (၃၀) ခန့် ပေါင်းပေးရပါမယ် ။ မွှေပေးစရာ မလိုအောင် မီးအပူချိန်နည်းဖို့ပဲ လိုအပ်ပါတယ် ။
  8. မိနစ်(၃၀) လောက် ထိုနည်းအတိုင်း ပေါင်းပြီးရင် ငှက်ပျောဖက်နံ့ ၊ ပာင်းခတ်အမွှေးအကြိုင် ရနံ့သင်းနေသော ရိုးရှင်းတဲ့ ငါးအသားလွှာပေါင်း စားသုံးလို့ ရပါပြီ ။
Credit: ဟင်းချက်နည်းများ

Review

User Rating

0 (0 Votes)