ငါးခေါင်းချဉ်စပ်ဟင်း

Share this on:

မိုးရာသီ ငါးပေါတဲ့ အချိန်ဆို မကြာခဏ အိမ်တွင် ချက်စားဖြစ်သည့် တခွက်ကောင်းဟင်း ဖြစ်ပါတယ် ။  ပဲသီး ၊ ရုံးပတီသီးပါရ်ျ အခြားအရံဟင်း ချက်ဖို့လည်း မလိုတော့ပါ ။   အိမ်မှာ ငါးခေါင်းချဉ်စပ်ဟင်းကို ရခိုင် ငပိထောင်း စပ်စပ်နှင့် တွဲရ်ျ သခွားသီး ၊ ပူတီနံအတို့များနှင့် စားလို့ ထမင်းမြိန်မှ မြိန်ဘဲ ။ ချက်ကြရအောင်နော် ။

13931695_10154680637748132_1349696636_o

ပါဝင်ပစ္စည်းများ

  • ငါးခေါင်း - ၃ ခေါင်း
  • ခရမ်းချဉ်သီး - ၅ လုံး (မထူမပါး လှီးထားပါ)
  • ကြက်သွန်နီ - ၂ ဥ (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၅ မွှာ (ထောင်းထားပါ)
  • ဂျင်း - လက်တဆစ် (ထောင်းထားပါ)
  • နနွင်းမှုန့် - ၁ ဇွန်း (လဖက်ရည်ဇွန်း)
  • အရောင်တင်မှုန့် - ၁ ဇွန်း (ထမင်းစားဇွန်း)
  • ပျဉ်တော်သိမ်ရွက် - လက်တဆုပ်ခန့်
  • မကျည်းနှစ် - ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးခြောက် အတောင့်ကြော် - ၁၀ တောင့်
  • ငံပြာရည် - ၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆီ - ၃ ဇွန်း (ထမင်းစားဇွန်း)
  • ဆား - အနည်းငယ်
  • ပဲတောင့်ရှည် - ၅ တောင့် (လက်တဆစ်ခန့် လှီးထားပါ)
  • ရုံးပတီသီး - ၈တောင့် (၂ပိုင်း ၂ပိုင်းထားပါ)
  • မဆလာ - အနည်းငယ်

ပြုလုပ်နည်း

  1. ငါးခေါင်းများကို အညစ်အကြေး ၊ ပါးဟပ်များ ထုတ်ပြီး ရေအထပ်ထပ်ဆေး သန့်စင်ပြီး ရေစစ်ထားပါ ။
  2. ရေစစ်ထားသည့် ငါးခေါင်းများကို ဆား ၊ ငံပြာရည် ၊ နနွင်းမှုန့် ၊ မဆလာတို့နှင့် နယ်ပြီး အရသာဝင်အောင် နှပ်ထားပါ ။
  3. ဆုံထဲတွင် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ ဂျင်းများကို ရောထောင်းထားပါ ။
  4. အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ ဂျင်းများ နှင့် ပျဉ်တော်သိမ်ရွက်ကို ဆီသတ်ပါ ။
  5. ဆီသတ်နံ့ မွှေးလာလျင် အရောင်တင်မှုန့် ၊ လှီးထာသော ခရမ်းချဉ်သီးများကို ထည့်ရ်ျ နှံ့စပ်အောင် မွှေပြီး အဖုံးအုပ်ရ်ျ တည်ပါ ။
  6. ခရမ်းချဉ်သီးများ ကြေသွားလျင် ငါးခေါင်းကို အိုးထဲရှိ အဆာပလာများနှင့် နှံ့စပ်အောင် မွှေပြီး ရေနွေး အနည်းငယ် ထည့်ပြီး အဖုံးအုပ်ရ်ျ တည်ပါ ။
  7. ရေနွေး ကို ခွက်တဝက်ခန့်စီ ထည့်ပေးပါ ။ မကျည်းနှစ်ကို ထည့်ပါ ။
  8. မိနစ်၂၀-၃၀ခန့်ထားပြီး အရေများ ပွက်လာလျင် လှီးထားသော ပဲတောင့်ရှည် နှင့် ရုံးပတီသီးကို ထည့်ပြီး အဖုံးအုပ်ထားပါ ။
  9. ၅မိနစ်ခန့် အဖုံးအုပ်ထားပြီး အရသာ အပေါ့အငံ မြည်းရ်ျ လိုအပ်သည့် ဆား ၊ ငံပြာရည် ၊ မကျည်းနှစ်တို့ ထပ်ထည့်ရ်ျ ပြင်ပါ ။
  10. ပြီးလျင် ငရုပ်တောင့်ကြော် ၊ ပျဉ်တော်သိမ်ရွက် ၊ မဆလာ အနည်းငယ်တို့ ထည့်ပြီး မီးဖိုပေါ်မှ ချပြီး သုံးဆောင်နိုင်ပါပြီ ။
  11. အရေကို သောက်ဆမ်း အနေနှင့် စားရ်ျ ရအောင် အရေခမ်းသည် အထိ မချက်ပါ ။
My Food Myanmar

Review

User Rating

3.1 (9 Votes)