ပါဝင်ပစ္စည်းများ

  • ပလာတူးငါး – ၃ ကောင် (ကြော်ထားပါ)
  • ငရုတ်သီးမှုန့် အကျက် – ၆ ဇွန်း (လဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ – ၆ မွှာ

13621917_10154601507423132_1810023083_o

  • ဆား
  • အချိုမှုန့်
  • သံပုရာသီး

ပြုလုပ်နည်း

ကြော်ထားသော ပလာတူးငါး၏ အသားများကို နွှင်ပါ။

ဆုံထဲတွင် ငရုတ်အကြက်မှုန့် ၊ ကြက်သွန်ဖြူ ၊ ဆား ၊ အချိုမှုန့် နှင့် ငါး အသားများကို နှံ့စပ်အောင် ရောထောင်းပါ။

ငါးထောင်းကို အထားခံအောင် ခြောက်ခြောက်လေး ထောင်းကြပါတယ်။

ရွာတွင် စားခါနီးမှ စားမည့် ငါးထောင်းကို ပန်းကန်လုံးထဲသို့ ထည့်၍ ရေအနည်းငယ် ထည့်၍ ငါးထောင်းနှင့် နယ်ပြီး သံပုရာသီး ညှစ်၍ တို့စရာနှင့် စားကြပါသည်။

ဆီရှိလျင် ရေအစား ဆီထည့်နိုင်ပါသည်။

My Food Myanmar